အခန်း208

193 20 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၈ မှတ်ကျောက် အသစ်

တကယ်ပဲ နင်တို့တွေ ဘာတွေ ပြောနေတာလဲ
လုဇြီက ထိုနှစ်ယောက်ကို ကြည့်ရင်း ပိုမိုသာ အမူအရာ ပျက်လာသည်။

လင်းလင်က ပြုံး၏။
ကျောင်းစဖွင့်ရင် ငါ နင့်ကို ပြောပြမယ်

လုဇြီ

ထိုနှစ်ယောက်ကို ကြည့်ရင်း သူ့စိတ်ထဲ အခြေအနေ မကောင်းတော့ပေ။ လင်းလင်နဲ့ နန်ကုန်းကျင်း ပုံစံက ချစ်ခင်ကြတဲ့ စုံတွဲတွေ မထွက်ခွာခင် နှုတ်ဆက်နေပုံနဲ့တူနေသေးသည်။
ဒါက အွန်လိုင်းပေါ်က ဝတၳုတွေလိုမျိုးတောင် ထင်ရလေ၏။

စာရေးသူက အကြောင်းမကြားဘဲ သတင်းပျောက်သွားသလိုမျိုး သူ ခံစားနေရသည်။
မြေကမ်ဘာခေတ်တွင်ဆိုလျှင် စာရေးသူတွေဆီကို စာဖတ် သူတွေက ဓါး စတစ်ကာတွေ အဆက်မပြတ် ပို့ပေးလိမ့်မည်။

လင်းလင်ရဲ့မျက်လုံးတွေက တဖျတ်ဖျတ် လက္လာခဲ့ကာ သူမ တုံ့ဆိုင်း သွားပုံရသည်။ ထို့နောက် လှပတဲ့အမျိုးသမီးအရာရှိတွေ ဝန်းရံနေတဲ့ လင်းကွမ်ကို လှည့်ကြည့်ကာ တစ်စုံတစ်ရာ ပြောချင်ပုံရ၏။ ထို့နောက် လင်းလင်လည်း လင်းကွမ်ကို ခေါ်ရင်း ထိုနေရာက ထြက္ခြာ သွားတော့သည်။

လုဇြီက ထိုနှစ်ယောက်ကို စပ္စုသလို ကြည့်နေရင်း နန်ကုန်းကျင်းကို ကြည့်ကာ ပြုံးပြ လိုက်သည်။
အလှအပနဲ့ ဉာဏ်ပညာရှိမှုတွေ အချိုးကျ ပေါင်းစပ်ထားတဲ့ ဆရာမ နန်ကုန်းကျင်းခင်များ  ကျွန်တော့်ကို ပြောပြလို့များ ရမလား

လင်းလင်က သူ့ကို တကယ် ကျော်လွန်သွားနိုင်တယ်ဆိုရင် သူ တကယ္ကို နှလုံးသား ကြေကွဲပြီး ခံစားရတော့မှာပေါ့....
သူ့ရဲ့ ရန္သူ အခြေအနေကို သူ ပို နားလည်ထားဖို့ လိုတယ်။

နန်ကုန်းကျင်းက လုဇြီကို ကြည့်ကာ သူမရဲ့ ဝိုင်ပုလင်းလေးကို လှုပ်နေလိုက်သည်။
နင့်မှာ ဝိုင်ကောင်း ရွိလား။ အထွတ်အထိပ် အဆင့်တွေဆိုရင်တောင်မှ

လုဇြီ

စိတ်မကောင်းပါဘူး နှောက်ယှက်မိတဲ့အတွက်တောင်းပန်ပါတယ်။ နှုတ်ဆက်ပါတယ်
သူ့မှာ ရတနာလို အဖိုးတန်တဲ့ ဝိုင် ဘယ်ရှိမှာလဲ။ ဟုတ်ပြီလား။
သူက ဘယ္က ရမွာမို့လို့လဲ။
သူက လု ရိုးသားလွတဲ့ ဇြီပါ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now