အခန်း304

118 21 0
                                    

အပိုင်း ၃၀၄ နတ်ဆိုးဆန်တဲ့ သဘောတူညီချက်

သုံးရက်ကြာပြီးနောက် အမဲလိုက် ကြားခံနယ်မြေတွင် လုဇွီသည် လေနှင့် လျှပ်စီးတောင်ပံအား အလင်းတွေသာ မြင်ရစေတော့သည်အထိ တဖျက်ဖျက် ခတ်နေခဲ့သည်။သူ၏ နောက်တွင် မြောက်များလှစွာသော သားရဲတွေ အော်ဟစ်ကာ လိုက်နေကြပေသည်။ထိုထဲတွင် ဌက်ပြာ ခြောက်ကောင်နှင့်အတူ စစ်မြင်း၊ ကျားကြီး၊ မီးခိုးရောင်ဖွတ်နှင့် များပြားလှသော နတ်စွမ်းအင် ပိုင်ဆိုင်သည့် သားရဲတို့ ပါလေသည်။ထိုသားရဲတို့၏ နောက်တွင် စွမ်းအားကြီး သားရဲကြီးတွေ လိုက်ပါနေကြသည်။

အလွန်အမင်း ပြင်းထန်သည့် ချီစွမ်းအင်သည် လုဇွီနှင့် သားရဲတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကျန်ရစ်သည်။ သိုင်းအမြုတေအဆင့် သားရဲတို့သည် ထိုအားကြောင့် မြေပြင်တွင်သာ ၀ပ်နေရကာ သနားစဖွယ် အော်နေကြရသည်။ မြေပုံရှိ အားအနည်းဆုံး သားရဲတို့သည် ကြောက်လန့်လွန်းကာ တုန်ယင်နေကြရသည်။

၇ီး

ဝေါင်း

လုဇွီသည် ရှေ့ဆုံးမှ ပြေးနေခဲ့ကာ ကျောဘက်မှ အသံတို့ကြောင့် သူ၏ မျက်နှာဟာ မဲ့နေလေတော့သည်။ သူ ထိုသားရဲအုပ္ကို တောင့်ခံနိုင်လိမ့်မည် မထင်ပေ။ မည်သည့်အတွက်ကြောင့် ထိုမျှ များပြားလှသည့် သားရဲတို့သည် နောက်ထပ်တစ်ကြိမ် လိုက်ဖမ်းကြလေမှန်း သူ မသိချေ။ သူ၏ ခေါင်းအထက်တွင်ပင် ပျံသန်းနေသည့် သားရဲတွေ ရှိနေသေးသည်။ လုဇြီ စိတ်ဓာတ် ကျလာသည်။

ပထမ မြေပုံတွင်သာ ဖြစ်နေခဲ့လျှင် လုဇွီသည် ယုန်တွင်း တစ်တွင်းရှာကာ ပုန်းနေပေလိမ့်မည်။ သို့သော် လက်၇ှိတွင် ပုန်းအောင်းရန် ယုန်တွင်းတွေ ရှိမနေခဲ့ချေ။ ရှိနေခဲ့လျှင်တောင်မှ ထိုသားရဲတို့၏ အားကြောင့် ထိုတွင်းသည် ဖျက်ဆီးခံရပေလိမ့်မည်။ သူ ရှိနေသည့်နေရာသည် မြက်ခင်းပြင်ကျယ်သာ ဖြစ်သည့်အတွက် မည်သည့်အတားအဆီး အကာအကွယ်မျှ ရှိမနေခဲ့ချေ။

လုဇြီ မျက်ရည်တွေ ထိန်းကာ အသက္လု ပြေးရတော့သည်။ သူ၏ အ၇ှိန်သည် အလွန် မြန်ဆန်သည်။ သို့သော် သားရဲအုပ်သည် ဘက်ပေါင်းစုံမှ တိုက်ခိုက်နေသည့်အခါ သူ ချောင်ပိတ်ခံရတော့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now