အခန်း246

168 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၆ သိုင်းခေါင်းဆောင် စာရင်းတွင် နံပါတ် ၁

လုဇြီက အမဲလိုက်ကြာခံနယ်မြေတွင် ပြန်ပေါ်လာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်စစ်ဆေးပြီးတာနဲ့ လျှပ်စီးတောင်ပံကို အသုံးပြုလိုက်တော့သည်။
သူက လျှပ်စီး နတ်စွမ်းအင်ကို စတင် အသုံးပြုလိုက်ကာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် လျှပ်စီးစွမ်းအင်တို့ကို ထွက်ပေါ်လာစေတော့၏။

နောက်ဆုံးတော့ လျှပ်စီးတွေက သူ့ရဲ့ကျောဘက်တွင် စုစည်းလာခဲ့လေကာ ခရမ်းရောင် တောင်ပံတစ်စုံ ထွက်ပေါ် လာခဲ့လေတော့သည်။ ဒါက လေတောင်ပံတွေနဲ့ အတော်လေးကို တူညီပါ၏။ သို့ရာတွင် လေတွေက စုဝေးလာကာ လေတောင်ပံ ဖြစ်တတ်သလို လျှပ်စီးတွေက စုဝေးလာတဲ့အခါ လျှပ်စီးတောင်ပံဖြစ်လာခြင်း ဖြစ်ပေသည်။

လုဇြီက သူ့ရဲ့တောင်ပံတွေကို တဖျပ်ဖျပ်ခတ်သည်။ သူက ခရမ်းရောင် လျှပ်စီးတန်းအဖြစ် ပြောင်းကာ သူ့ရဲ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေ၏။
လေတောင်ပံနဲ့ နှိုင်းယှဉ်ရသော် ဒါက အနည်းငယ် နှေးကွေးပေသည်။ မည်သို့ပင်ဆိုစေ လုဇြီရဲ့ လေနတ်စွမ်းအင်က လျှပ်စီး နတ်စွမ်းအင်ထက် များစွာသာလွန်နေသည် မဟုတ္လား။

သူက စက်ဝိုင်းပတ် အနည်းငယ် ပတ်ပြီးသည့်နောက် လုဇြီက လေတောင်ပံတွေကို ပြောင်းလဲလိုက်သည်။ ထို့နောက် စိတ္ပ်က္စြာ သက်ပြင်းချလိုက်၏။ လေလျှပ်စီး တောင်ပံကို သူ နားလည် သဘောမပေါက်ခင် လျှပ်စီးတောင်ပံတစ်ခုတည်းကို အသုံးပြုတာက အသုံးမဝင်သလို ဖြစ်နေခဲ့ပေသည်။

လုဇြီက အမဲလိုက်မည့် သူ့ရဲ့ခရီးစဉ်ကို ပြန်စတင်လိုက်သည်။ လေးရက်ကြာပြီးနောက် နံနက်ခင်းတွင် လုဇြီက ၁.၅ မီတာသာမြင့်တဲ့ ချုံပုတ်လေးနားတွင် ပြန်ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ်ကို ကွေးနေခဲ့ကာ တစ်စုံတစ်ရာကို ခိုးကြည့်နေခဲ့၏။

သူ ဘာကို တွေ့လိုက်ရတာလဲ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေပုံရတဲ့ စစ်မြင်းတစ်ကောင်ကို သူ တွေ့လိုက်ရခြင်း ဖြစ်ပေသည်။ ၃မီတာလောက် မြင့်တဲ့ မြက်ပင်ရှည်တွေကြားတွင် ထိုသားရဲ ခေါင်းဆောင်ကြီးက လှဲလျောင်းနေ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now