အခန်း301

126 18 0
                                    

အပိုင်း ၃၀၁ ဒါက သူ့ရဲ့တကယ့် အစစ်အမှန် စွမ်းရည်ကို ပထမဆုံးအကြိမ် ပြသရမယ့် အချိန်ပဲ။

ဘုန်း။

ပြင်းထန်သည့် အားလှိုင်းတို့သည် လေထဲ ပျံ့လွင့်သွားခဲ့၏။ ထို့နောက် လေပြင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ကာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လှသည့် အသံအား ထွက်ပေါ်လာစေပြီး နေရာအနှံ့ ပျံ့နှံ့သွားလေတော့သည်။

ငှက်ပြာကြီး၏ အတောင်ပံတို့သည် မီတာ တစ်ရာကျော် ရှည်သည်။ လုဇြီ၏ ကိုယ်ဟာ ထိုအတောင်ပံရှေ့တွင်ဆိုလျှင် အလွန်အမင်း သေးငယ်သွားတော့သည်။ သို့ရာတွင် သူတို့ ထိပ်တိုက်တွေ့သည့်အခါ လုဇြီဟာ ပုရွတ်ဆိတ် အရွယ်အစားမျှသာ ရှိနေသော်လည်း ငှက်ပြာကြီး၏ ခုခံအားကို ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားတို့ဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

သူသည် ငှက်ပြာကြီး၏ တောင့်တင်းနေသည့် အတောင်ပံရိုးတို့အား လက်သီးဖြင့် ထိုးလိုက်ခဲ့သည်။ ထိုအခါ သွေးတို့ ဖြာထြက္လာခဲ့သလို အပ်ရာတွေပင် ထင်လာခဲ့သည်။

လုဇြီ၏ အကြည့်က အေးစက်သွားသည်။ လေနှင့်လျှပ်စီးတောင်ပံတို့အား အသက်သွင်းလိုက်ပြန်ကာ  ငှက်ပြာ၏ သွေးထွက်နေသည့် အပေါက်ရှေ့သို့ ရောက်သွားခဲ့လေ၏။
'တတိယမြောက် လက်သီးချက်။'

ဘုန်း။

ငှက်ပြာကြီး၏ ခေါင်းသည် ပြင်းထန်စွာ အထိုးခံထားရကာ ဒေါသတကြီးဖြင့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည့် အားတို့ကို ရုန့်ရင်း ကြမ်းတမ်းစွာ ထုတ်ဖော်နေခဲ့သည်။ ထို့ကြောင့် နောက်ထပ် တစ်ကြိမ် ရောက်လာနေသည့် လက္သီးအားကို သတိ မထားမိလိုက်ခဲ့ပေ။

ထိုလက်သီးအားသည် ကိုယ်တွင်း အင်္ဂါတို့အား တိုက်ရိုက် ထိုးခြဲ သြားခဲ့၏။ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် အားသည် ထိုခန္ဓာကိုယ်ကြီးအား မြေပြင်သို့ ရိုက္ခ်လိုက္သကဲ့သို့ လဲကျသွားစေခဲ့သည်။ ရှုပ်ထွေးနေခဲ့သည့် မြေပြင်တွင် တွင်းပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့၏။

လုဇွီသည် ထိုမြေပြင်ရှိ တွင်းပေါက်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ထိုအပေါက်ထဲရှိ ငှက်ပြာကြီး သည် သေဆုံးနေခဲ့ပြီ ဖြစ်သည်။ သူ စိတ္သက္သာရာရကာ သက်ပြင်းချလိုက်တော့သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ကွေးလာသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now