အခန်း223

183 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၂၃ သုံးယောက်သားရဲ့ နေ့စဉ်ဘ၀

စာပို့ပြီး မိနစ်အနည်းငယ် ကြာတဲ့အထိ လုဇြီ ပြန်စာ မရေပ။ သူ ပို့ပြီးပြီမို့ ဝိဉာဉ်ကူးပြောင်းလာသူ တစ်ယောက်ရဲ့ စိတ်နဲ့ စိုးရိမ်ကြောင့်ကြနေဖို့ မသင့်တော့ကြောင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

သူက သိပ်တော်တဲ့ လူငယ်လေးလေ။ အခုအချိန်က လူချောလေးက ခပ်အေးအေးနေပြီး ကောင်မလေးဘက်က လှုပ်ရှားလာရမယ့် အချိန်ပဲ။

ထို့နောက် သူက အဲလစ်နဲ့ သူ့ရဲ့ ကိုယ်ပိုင် စကားပြောခန်းကို ဖွင့်လိုက်သည်။

အဲလစ်: စီနီယာအကို စီနီယာ့အကိုဆီမွာ စားစရာတွေ လုံလောက်သေးရဲ့လား။ ထပ်လိုသေးလားဟင်

အဲလစ်: စီနီယာအကို ညီမေလ ဒီတေလာ ဟင်းလျာသစ်တွေ လေ့လာ ထားတယ္သိလား။ အမ်ားစုက စီနီယာအကို ကြိုက်တာတွေချည်းပဲ။ စီနီယာအကို အရွက်များများ စားသင့်တယ် ထင်တယ်။ ဒါမွသာ ကျန်းမာမှာလေ။
ဒါပေမယ့် မစိုးရိမ်ပါနဲ့ ညီမက စီနီယာအကို ကြိုက်တတ်တဲ့ အရသာမျိုး ချက်ကျေွးမှာပါ။

အဲလစ်: စီနီယာအကို ညီမရဲ့ နတ်စွမ်းအင်က နိုးထသွားပြီသိလား။ အမေလည်း ညီမကိုယ်ထဲမှာ သိပ်ကြာကြာနေရတော့မယ် မထင်ဘူး။ မီးမျိုးစေ့သာရရင် အမေလည်း ပြန်ရှင်သန် လာနိုင်လိမ့်မယ်။ ဒါတွေအားလုံးက စီနီယာအကိုရဲ့ ကျေးဇူးပါပဲ။ စီနီယာ့ကို ညီမ ဘယ္လို ကျေးဇူးတင်သင့်လဲ

အဲလစ်: စီနီယာအကို မရွိဘူးလား

အဲလစ်: အလုပ်များနေတာလား စီနီယာအကို

ထိုစာတွေကို တွေ့ရတဲ့အခါ လုဇြီ ခံစားသွားရလွန်းလို့ ငိုမလိုပင် ဖြစ်သွားရလေသည်။

အိုး နတ်သမီးလေး အစစ်ပဲ။ သူ့အတွက် စားစရာပြင်ဆင်ပေးဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားနေရှာတယ်။ ဟို နှလုံးသားမည်းတဲ့ လီနဲ့ တျခားဆီပဲ။ နတ်စွမ်းအင် နိုးထနေပြီလား။ အဲလစ်အမေသာ နိုးလာရင် အဲလစ်လေးတော့ ပျော်သွားတော့မှာပဲ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now