အခန်း316

108 20 0
                                    

အပိုင်း ၃၁၆

လုဇွီသည် ထိုပြန်ဖြေသံကို ကြားသည့်အခါ ခေါင်းငြိမ့်လိုက်သည်။
ကျေးဇူးတင်ပါတယ် ပရော်ဖက်ဆာ ကျန်း

ထိုအချိန်တွင် ခရစ္က ပြောလာသည်။
လုဇြီ ငါတို့တွေ ကန္တာရတောဘက်ကို ရွှေ့ရင်ရော ဘယ္လိုလဲ

ထိုသို့ဆိုလာသည့်အခါ သူက မြေပြင်ရှိ ကုလာပြည်မှ သူတွေအား ကြည့်လိုက်တော့သည်။
ဒီမွာ လူတွေက တအားများတယ် ။အဲ့ဒီလူတွေ ဒီကို ရောက်လာကြမယ်ဆိုရင် အပြစ်မဲ့ ကုလာပြည်သူတွေကတော့ သေကြေ ပျက်စီးရလိမ့်မယ်

လုဇွီလည်း ခေါင်းငြိမ့်လိုက်သည်။
အဲ့ဒီသငေ်္ဘာက ဒီနေရာကို ရောက်လာဖို့ အချိန်တော့ လိုပါသေးတယ် ၊ဒါဆိုလည်း ရွေ့ကြရအောင်

သူ့တွင် ထိုကုလာ ပြည်သူတို့နှင့် မည်သည့်ဆက်သွယ်ချက်မှ မရှိပေ။ သို့သော် သူ့ကို စစ္နတ္ဘုရားဟု ခေါ်ဆိုထားကြကာ သူသည်လည်း ထိုသူတွေအပေါ်  စိတ်လှုပ်ရှားမိပေသည်။ ထိုသူတွေအား သူ ကာကွယ်ပေးချင်၏။

မည်သို့ပင်ဆိုစေ အစွမ်းထက်ဖြစ်တည်မှုတွေ ရောက်ရှိလာသည့်အခါ လူတိုင်းကိုတော့ဖြင့် သူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ ခရစ္က ပြုံးလိုက်သည်။ အခြားသူတွေသည်လည်း လုဇြီအား နူးညံ့သည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။ သူတို့၏ အသက် အာမခံချက်ဟာ လုဇွီအပေါ်  မူတည်နေပေသည်။

လုဇွီသည် သူတို့၏ ထင်မြင်ချက်ကောင်းတို့အား ရရှိသွားတော့သည်။ ဘယ်ဘက်တွင် ရှိနေသည့် ကျန်းဝမ်လည်း ပြုံးလိုက်သည်။

ဒီလိုဆိုမွေတာ့ ကျန်တဲ့ နေရာလပ် သားရဲကောင်ကို အရင်ဆုံး ဖြေရှင်းလိုက်ကြတာပေါ့ ၊တကယ္လို့ သူ့ကို အရင် မဖြေရှင်းထားရင်း နောက်ပိုင်းရှာတွေ့တော့မယ်တောင် မထင်ဘူး။ အဲ့ဒီသားရဲရှိနေတဲ့ နေရာက ဒီအနီးအနားက သစ်သားတောထဲမှာပဲ ၊ငါတို့ အဲ့ဒီကို သွားကြမလား။ အဲ့ဒီသားရဲက ငါတို့ကို ပြန်ကူညီသွားတာလည်း ဖြစ်နိုင်တာပဲလေ

လုဇြီ ပျော်သွားသည်။ နောက်ဆုံးသားရဲ တစ်ကောင်ကိုသာ ဖြေရှင်းလိုက်နိုင်လျှင် သူ၏ မစ်ရှင်းက ပြီးဆုံးသွားမည်ဖြစ်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now