အခန်း211

206 29 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၁ အလွန် ထူးခြားတဲ့ဆု

ယဲ့မူက လျင်မြန်စွာ မေးလာ၏။
တကယ္လား ငါတို့ အခု သြားရေတာ့မွာလား

လူတိုင်းကလည်း လုဇြီကို မျှော်လင့်ချက် ကြီးစွာဖြင့် ကြည့်လာကြသည်။ သူတို့ ဒါကို အကြာကြီး စောင့်နေခဲ့ရတာ မဟုတ္လား။ ဒီဆုသာရရင် သူတို့ လိုချင်တာကို သိုင်းပညာ နက်ဝေါ့မှာ ဝယ်လို့ရပြီ။ ဒါဆိုရင် သူတို့ရဲ့ စွမ်းအားကလည်း တိုးတက္လာမွာပဲ။

လုဇြီ ခေါင်းငြိမ့်လိုက်သည်။
အခု ချက်ချင်း ငါတို့ကို တစ်ယောက်ယောက် လာခေါ်လိမ့်မယ်

သူလည်း အရမ်း စိတ်လှုပ်ရှားနေတယ်။ ဒီဆုသာ ရရင် သူ အရမ်း ချမ်းသာသွားတော့မှာ ။ဒါဆိုရင် သူ လိုချင်တာ ဝယ်လို့ရပြီ။

သိပ်မကြာခင် အချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးခေါက် လာခဲ့သည်။ လုဇြီက တံခါး ဖွင့်ပေးလိုက်တဲ့အခါ အရင်တစ်ခါ တွေ့ဖူးတဲ့ လူငယ် စစ်သားလေးကပဲ တံခါးရှေ့မှာ စောင့်နေတာကို တွေ့လိုက်ရသည်။ ထိုသူက လုဇြီကို အလေးပြုကာ ပြော၏။

ဒုဗိုလ် လုဇြီ အဓိက ဗိုလ်ချုပ်ကြီး ဘာရီက ဒုဗိုလ်တို့ကိုလာခေါ် ခိုင်းလိုက်ပါတယ်

လုဇြီ ခေါင်းငြိမ့်လိုက်၏။
ကျေးဇူးတင်ပါတယ်

ထို့နောက် သူတို့တွေက ထိုစစ်သားနောက်သို့ လိုက်သွားရင်း မြင့်မားလှတဲ့ အိပ်ကျူထဲက အဆောက်အဦး တစ္ခုဆီသို့ ရောက်သွားခဲ့ကြသည်။ ထို့နောက် အပေါ်ဆုံးထပ်ကို ရောက်ဖို့ ဓါတ်လှေကားကို စီးလိုက်ကြ၏။ သူတို့တွေ ရုံးခန်းဆီသို့ ဦးဆောင် ခေါ်သွားတာကို ခံရပြန်သည်။ လူငယ် စစ်သားလေးက တံခါးကို ခေါက်လိုက်၏။

ဝင်လာခဲ့
လွှမ်းမိုးမှု ပြည့်ဝလွန်းတဲ့ အသံကို ကြားလိုက်ရသည်။

စစ္သားက တံခါးကို ဖွင့်လိုက်ကာ လုဇြီတို့ကို ဝင်သွားရန်အချက် ပြသည်။ လုဇွီနဲ့ ကျန်တဲ့လူတွေ အားလုံးက အထဲကို ဝင်လိုက်တဲ့အခါ လူသုံးယောက်သာ ရုံးခန်းထဲ ရှိနေတာကို တွေ့ရပေသည်။ သက်လတ်ပိုင်းလူက သူတို့နဲ့ မျက်နှာချင်းဆိုင် ဘက်ခြမ်းတွင် ထိုင်နေခဲ့သည်။ သူက စစ်ယူနီဖောင်းကို ဝတ္ထားခဲ့ကာ သူ့ရဲ့တံဆိပ်ကတော့ ရွှေရောင် ဓါးရှည်တစ်ချောင်းနဲ့ ကြယ်တစ်စင်းကို ပြသနေပေ၏။ ထိုသူက အဓိက ဗိုလ်ချုပ်ကြီး ဘာရီ ဖြစ်ပေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now