အခန်း249

163 19 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၉ အသုံးပြုသူရဲ့အတွေ့အကြုံက တော်တော်ဆိုးတယ်

မြင်ကွင်းက ပြောင်းလဲ သွားခဲ့ပေသည်။ ဒီတစ်ကြိမ်တွင်တော့ လုဇြီက ထက်ရှတဲ့ သတ္တုတုံးတွေ အပြည့်ရှိနေတဲ့ အပျက်အစီး နယ်မြေတစ်ခုကို ရောက်သွားခဲ့သည်။ သူ့ရဲ့ရှေ့တွင် ပြိုင်ဘက်ဟောင်းကြီးကို တွေ့ရသည်။ ဓါးနတ်ဆိုးမျိုးစိတ်ပင် ဖြစ်၏။

သူ့ရဲ့ ပြိုင်ဘက်အကြောင်း မိတ္ဆက္ထားတာကို လုဇွီကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ အလင်းဝင်ပေါက် ဆယ္ခု ဖွင့်ထားသည့် ဓါးနတ္ဆိုး ဖြစ်သည်။ မည်သည့် နတ်စွမ်းအင်မှ မပါပါပေ။

လုဇြီ မေးစေ့ကို ပွတ်လိုက်သည်။အဆင့် ၃၂က အလင်းဝင်ပေါက် ဆယ်ခုဖွင့်ထားတဲ့သူလား။

တစ်ဆင့်ကို အလင်းဝင်ပေါက်တစ်ခု တိုးလာမည်ဆိုပါက အဆင့်တိုင်းအတွက် အကယ်ဒမီအမှတ် တစ်သောင်းစီ ဆုရနိုင်ပေသည်။ ဘယ်လောက် အမြတ်ရလိုက်လဲ။
တစ်ဆင့်ချင်းဆီ လုပ်နေတာက နှေးလွန်းတယ်လို့ သူခံစားရသည်။

ထိုအချိန်တွင် ဓါးနတ်ဆိုးမျိုးစိတ် ကျင့်ကြံသူရဲ့ သွေးနီရောင် မျက်လုံးတွေက ကြောက်မက်ဖွယ် ကောင်းလာခဲ့ကာ ပြင်းထန်စွာဖြင့် လုဇွီကိုကြည့်ရင်း ခြေနှစ်ချောင်းကို မြှောက်ကာ လုဇြီဆီသို့ တိုးဝင် လာလေတော့သည်။

ဘန်း။

သူ့ရဲ့ခန္ဓာကိုယ်က အနက်ရောင် အလင်းတန်းတွေ အဖြစ် ပြောင်းလဲသွားခဲ့ကာ လုဇြီဆီသို့ တိုးဝင်လာခဲ့လေသည်။ လုဇြီ ပြုံးလိုက်ကာ လေဓါးတွေ ဖြစ်ပေါ်စေရင်း ပစ်လွှတ်လိုက်တော့သည်။

လေနဲ့မီးတွေပေါင်းစပ်နေတဲ့ ဓါးတွေက အနီရောင်အလင်းတွေနဲ့ လက်နေခဲ့ကာ ဓါးနတ္ဆိုး မျိုးစိတ် ကျင့်ကြံသူကို ပိုင်းဖြတ်သွားလေသည်။

ဝေါင်း

အန္တရာယ်ကို အာရုံခံမိတော့ ဓါးနတ္ဆိုး မျိုးစိတ် ကျင့်ကြံသူက ရပ်တန့်လိုက်သည်။ သူ့ရဲ့ လက်မောင်းဓါးတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ အနက်ရောင်အလင်းတွေ လက္လာခဲ့ကာ ဝိဉာဉ်စွမ်းအင် ဓါးအရှိန်အဝါနှစ်ခုကို ထိုးထုတ်ရင်း လေဓါးတွေကို ရင်ဆိုင်နေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now