Part. 53

3.1K 230 4
                                    


Unicode

အရှင့်အလိုတော်အတိုင်း (53)

ကနာ ပြောလိုက်စကားကြောင့် မင်းကြီး အကြပ်ရိုက်သွားသည်မှာတော့ အမှန်ပင်။

ကနာ မင်းကြီးအား ထိုသို့မေးလိုက်ခြင်းက ရွေးချယ်ခိုင်းလိုက်သလိုပင်။

"ကနာ ဒီကိစ္စက ကနာ ထင်သလောက်မရိုးရှင်းဘူး..။ဒါက
နိုင်ငံရေး ကိစ္စ..။ နိုင်ငံရေးကိစ္စတွေကို အနောက်နန်းဆောင်က လူတွေ ပတ်သက်ခွင့်မရှိဘူးဆိုတာ ကနာ သိမှာပါ.."

မင်းကြီးလည်း ကနာ၏ နဖူးထက်သို့ ဝဲကျနေသည့် ဆံပင်များကို သပ်ပေးရင်း ပြောလိုက်သည်။

ကနာကတော့ မျက်ရည်များ လဲ့နေသည့် မျက်ဝန်းလေးဖြင့်

"ကျွန်တော်..သိပါတယ်..ဒါပေမယ့်...အကိုတော်က အဲလိုလုပ်မဲ့ သူမျိုးမဟုတ်ပါဘူး...။ ကျွန်တော် အသက်နဲ့ အာမခံပါတယ်..."

"ကနာ...မင်း စကားက ဘယ်ထိ ရောက်လဲဆိုတာ သိရဲ့လာ။.ကိုယ့်ရှေ့မှာက လွဲရင် ဒီစကားကို ဘယ်သူမှ မပြောမိစေနဲ့...ပြီးတော့ တကယ်သာ Kaoနဲ့ မပတ်သက်ဘူးဆိုရင် ကိုယ် လွှတ်ပေးပါ့မယ်.. .အခုတော့ အနားယူလိုက်အုံး...."

ကနာအား စောင်သေချာ ခြုံပေးကာ ထွက်သွားရန် ပြင်လိုက်သော်လည်း ကနာသည် မင်းကြီး လက်ကျုဆုပ်ကိုင်ထားတဲ့အတွက် ကနာ အိပ်ပျော်ချိန်ထိ စောင့်နေလိုက်သည်။

*အနားယူလိုက်ပါအုံး...ကိုယ့်အချစ်...*

မင်းကြီးသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ကနာအား
ကြည့်ပြီး နက္ခဗေဒအဆောင်သို့ ရောက်လာခဲ့သည်။

နက္ခဗေဒအဆောင်ဟာ မင်းကြီးငယ်ငယ်တုန်းက ကစားခဲ့သည့်အတိုင်း မပြောင်းလဲသေး။

အဘိုးကြီးတော့ ထုံးစံအတိုင်း သူ၏ သေရည်လေးဖြင့် ကောင်းကင်ကို ကြည့်ကာ သောက်နေသည်။

"ဆရာ..."

အဘိုးကြီးသည်လည်း ခေါင်းတစ်ချက်မော့ကြည့်ပြီး ထိုင်ရန်
ခေါင်းသာ ငြိမ်ပြလိုက်သည်။

မင်းကြီးလည်း ဘေးက ထိုင်ခုံတွင် နေရာယူပြီး အဘိုးကြီး၏
သေရည်ကို ယူသောက်လိုက်သည်။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now