P. 38

3.3K 265 8
                                    


Unicode

အရှင့်အလိုတော်အတိုင်း(38)

အခန်းတစ်ခန်းဆီပါသော စားသောက်ဆိုင် တစ်ခုတွင်
ဦးရီးတော်. အမတ်ချုပ်. Kao တို့ တွေ့ဆုံနေကြသည်...

ဦးရီးတော်က စားပွဲ၏ ထိပ်ဆုံး တွင် ထိုင်ကာ ဘေးတစ်ဖက်
တစ်ချပ်၌ အမတ်ချုပ်နဲ Kaoတို့ ထိုင်ကြသည်..

အမတ်ချုပ်က အသက်အကြီးဆုံး ဖြစ်သော်လည်း ဦးရီးတော်ကို စကားနားထောင်ရသည်...

ဦးရီးတော်က ရာထူးအကြီးဆုံးနှင့် အာဏာအများဆုံး..အကောက်ကျစ်ဆုံး

"ဦးရီးတော် ကျွန်တော်တို့ စစ်တပ်ရဲ့ နေရာကို မင်းကြီး
သိသွားပြီ..."

Kaoပြောလိုက်တဲ့ စကားကြောင့် အမတ်ချုပ်က ကြောက်လန့်သည့်ပုံ ဖြစ်သွားပေမဲ့ ဦးရီးတော်ကတော့
ရေနွေးကြမ်းခွက်ကို အငွေ့ဖယ်ကာ သောက်နေသည်...

"ဒါ...ဒါ...ဒါ...ဘယ်လိုဖြစ်တာလဲ...ကျုပ်တို့ နေရာကို
မင်းကြီး ဘယ်လို သိသြားတာလဲ..."

လက်ညိုးထိုးကာ ထစ်ထစ်အအဖြင့် ပြောနေသည်...

ဦးရီးတော်က မဲ့ပြုံးဖြင့်

"ဟက်..ခင်ဗျား ကြောက်တတ်ရင် အိမ်တော်ကို ပြန်လိုက်တော့....ပြီးတော့ ဒီအနည်းအကျဉ်းလောက်ကို
ချကျွေးထားမှ ကိစ္စကြီးတွေ လုပ်တဲ့အခါ အဆင်ပြေမှာ..."

"ဦးရီးတော် ပြည့်စုံလှပါတယ်.."Kaoက ရေနွေးကြမ်း
ခွက်ကို ကိုင်မြောက်ကာ လေးစားမှုဖြင့် သောက်လိုက်သည်..

"ကျုပ်က ကြောက်လို့ မဟုတ်ပါဘူး...ဒါပေမယ်...မင်းကြီးဆိုတာ ဦးရီးတော်ရဲ့ ထောင်ချောက်ထဲ အလွယ်တကူ ကျနိုင်တဲ့ သူ မဟုတ်ဘူး..."

"Kao လူသစ်စုဆောင်းတာကို ပိုပြီးလုပ်ပါ...ငါ့ မင်းကြီး နှစ်ပတ်လည်နေ့ မတိုင်ခင် စစ်သည်တွေကို လိုချင်တယ်..."

"အမိန့်တော် အတိုင်းပါ ဦးရီးတော်.."

ဦးရီးတော်ရဲ့ စိတ်ထဲမှာတော့ ဆုံးပါးသွားတဲ အကိုတော်မင်းကြီး ဟောင်းကို စိတ်ထဲတွင်တော့ အာနာလိုက်ပါသည်...သို့သော် သူစိတ်ထဲတွင် ထီးနန်းတစ်ခုသာ....

ဦးရီးတော်ရဲ မယ်တော်ဟာ အစေခံတစ်ယောက် ဖြစ်ပြီး
မင်းကြီးရဲ နှစ်သစ်မှုကို ရရှိခဲ့တာကြောင့် မိဖုရားငယ်
ဖြစ်လာခြင်း...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now