P. 31

3.6K 278 6
                                    


Unicode

အရှင့်အလိုတော်အတိုင်း...31

မင်းကြီး (Mew) ဘိုးတော် လက်ထက်မတိုင် မင်းကြီးဟာ
အုပ်ချုပ်ရေးမှာ ညံဖျင်းပြီး ပြည်သူများကို လျစ်လျုရှုကာ
အပျော်အပါးနဲ့ အသောက်အစားသာ လိုက်ခဲ့သည်။
ထို့ကြောင့် စုစည်းထားသော တိုင်းပြည်ဟာ အရှေ့၊အနောက်၊
တောင်၊မြောက် ဆိုပြီး လက်အောက်ခံ နယ်ပယ်တွေရဲ့ ပုန်ကန်ထကြွမှုကို ခံခဲ့ရသည် ပုန်ကန်မှုဟု တစ်ပြိုင်နက်ထဲ ဖြစ်ခဲ့တာကြောင့် အပြစ်မဲတဲ့ ပြည်သူများ သေကြေပျက်စီး
မှု အများဆုံး ဖြစ်ခဲ့သလို တစ်ဖက်နိုင်ငံရဲ့ ကျူးကျော် သိမ်း
ပိုက်ခြင်းကိုလဲ ခံခဲ့ရသည် ။ ထိုကြောင့်မင်းကြီး(Mew)ရဲ့
ဘိုးတော်က စစ်တပ်အာဏာကို အရယူကာ တစ်ဖက်နိုင်ငံကို
အရင် တိုက်ထုတ်ခဲ့ပြီး နယ်မြေများကို ပြန်လှည်ရယူခဲ့သည်။
အတွင်း စစ်ဖြစ်တဲ့ နယ်မြေလေးခုကို တဖြည်းဖြည်းချင်း
ပြန်လည်သိမ်းယူခဲ့ရသည်။ တိုင်းပြည် ပြန်လည်ကြွယ်ဝပြီး
ပြည်သူများ အသက်ရူချောင်စေရန် မင်းကြီး(Mew)ရဲ့ ဘိုးတော်ဟာ အသက်ရှိစဉ် တစ်လျှောက်လုံး ကြိုးစားခဲ့ရသည်။ထိုအပျော်ပါးလိုက်စားတဲ့ မင်းမျိုးနွယ် တစ်ခုလုံးကို သုတ်သင်ဖျက်စီးကာ မင်းကြီး(Mew)ရဲဘိုးတော်က မင်းကြီးနေရာကို ဆက်ခံခဲ့သည်။ Som က ထိုမျိုးဆက်မှ အသက်ရှင် ကျန်ရစ်ခဲ့တဲ မျိုးဆက်ဖြစ်သည်။ အဲကြောင့် ယခုလက်ရှိ
မင်းမျိုးနွယ်များနဲ့ ပတ်သက်ခွင့်လုံးဝလုံးဝ မရှိ ။ထိုအကြောင်း
တရားများကြောင့် အရမ်းချစ်ရတဲ့ ချစ်သူနှစ်ဦး ကွဲကွာရသည်ဆိုလျှင် မည်သူအပြစ်နည်း...

သာမန်လူသားအဖြစ်နဲ့ မွေးဖွားပြီး သာမန် ပျော်ရွှင်မှုကိုသာ
ရနိုင်ပေမဲ့ မင်းဆွေမင်းမျိုး အဖြစ် မွေးဖွားလာလျှင် မိမိဟာ
သမိုင်းကြောင်းကောင်းအောင် နေထိုင်ရမည်...

ဒီနေ့ဟာ နဂါးပွဲတော်နေ့ ဖြစ်တာကြောင့် နန်းတွင်းရှိ ဌာနအသီးသီးနှင့် တာဝန်အသီးသီးရှိ လူများဟာ အလုပ်ကိုယ်စီဖြင့် ကျေပွန်အောင် ထမ်းဆောင်နေကြသည်..

ထိုလူများထဲတွင် ကနာ မပါ အိမ်တော်ကို ပြန်ရန်သာ တာဆူ
နေတာကြောင့် ပစ္စည်းများကို မနက်အစောကြီး ထကာ သိမ်း
နေသည့် ကနာကြောင့် မင်းကြီး ကုတင်ပေါ်မှာ မေးထောက်ကာ ကြည့်နေတော့သည်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now