P. 34

3.2K 269 1
                                    


Unicode

အရှင့်အလိုတော်အတိုင်း..34

ကနာ အဆောင်တော်အတွင်း ရေနွေး​ကြမ်း ငှဲ့ကာ တစ်ယောက်တည်း အဖော်ပြုနေသည်....

နန်းတွင်းရေးရာတို့မှာ ရူပ်ထွေးလှသည်...

ကနာ နန်းတော်ထဲ နေသည်မှာ နှစ်နှစ်ပင် ပြည့်လုနီးပါ... .ရှိနေပြီ...

ဒီနေ့တော့ မယ်တော်ကြီး တရားကျင့်မှတ်ကာမှ ပြန်လာမည်
ဖြစ်သည်...

မယ်တော်ကြီးဟာ ခင်ပွန်းမင်းကြီးဟောင်း ဆုံးပါးပြီးကတည်း
က တရားစခန်းဝင်ခဲ့သည်..မိမိ၏ ကုသိုလ်များဖြင့်
ခင်ပွန်းမင်းကြီးဟောင်းကို ပေးဝေသည်..

မယ်တော်ကြီးသည် သက်တော်ကြီးရင့်ပြီး ဖြစ်သည့်အလျောက် နန်းတွင်းရေးရာသာမက အနောက်ဆောင်ရေးရာများကိုပါ ပါဝင်စွက်ဖက်ခြင်း မပြုတော့...

ယခု ပြန်လာခြင်းက ခင်ပွန်းမင်းကြီးဟောင်းရဲ့ ပူဇော်ပွဲသို့
ပြန်လာခြင်းဖြစ်သည်..

မယ်တော်ကြီး ပြန်လာမည်ဖြစ်ပြီး...ယနေ့တွင် နန်းတော်ထဲ
၌ အလုပ်ရှုပ်နေကြသည်...

မယ်တော်ကြီးရဲ့အဆောင်တော်တွင် မိဖုရားခေါင်ကြီး
မိဖုရားငယ်များ ကြင်ယာတော်များသာ စုဝေးနေကြသည်..

ယောကျာ်းလေး ကြင်ယာတော်ဟာ ကနာ တစ်ယောက်တည်း
သာ...မင်းကြီး ချစ်မြတ်နိုးသူကလဲ ကနာ တစ်ယောက်တည်း
သာ...ထိုကြောင့် တစ်ချို့သော မိဖုရားများက ကနာနှင့်
ရင်းနှီးကျွမ်းဝင်ရန် ကြိုးစားကြသည်..

ထိုအဖြစ်ကို အမြင်မကြည်သူကတော့ မိဖုရားခေါင်ကြီးပင်....

"မယ်တော်ကြီး ကြွချီလာပါပြီ..."

စကားအသံနှင့်အတူ ကျက်သရေရှိပြီး အသက်အရွယ် ကြီးရင့်
လှသည့် မယ်တော်ကြီး ကြွချီလာသည်..

မယ်တော်ကြီးနောက်မှာတော့ ထပ်ကြပ်မခွာ လိုက္လာသူက
မိဖုရား May....

မယ်တော်ကြီးဟာ နေရာယူပြီးတာနဲ့ အဆောင်တော်အတွင်းရှိ
အကုန်လုံးက မယ်တော့်ကြီးကို ရိုသေစွာ ဂါဝရပြုကြတယ်..

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now