P. 36 (Zawgyi)

2.9K 124 11
                                    


အရှင့်အလိုတော်အတိုင်း..36

"သားတော်..မယ်တော်ကို ဂါဝရပြုပါတယ်.."

"ရပြီ..."

မင်းကြီးလည်း မယ်တော်ကြီးကို နှုတ်ဆက်ပြီးတာနဲ့ နေရာမှာ
ဝင်ထိုင်လိုက်သည်...

"ဟိုတေလာက မိဖုရားခေါင်ကြီးကို အဆောင်တော် ပိတ်တဲ့
အပြစ်ဒဏ် ပေးတယ်လို့ ကြားတယ်..မင်းကြီး...အမှန်ပဲလား..."

"မှန်ပါတယ်..မယ်တော်..."

"ဘယ်လို ကိစ္စကများ မင်းကြီးကို စိတ်ဆိုးစေလို့လဲ..."

"မိဖုရား ခေါင်ကြီးဟာ ကျင့်ဝတ်နဲ့ မညီတဲ့ ကိစ္စတစ်ချို့ ကို
ပြုလုပ်ခဲ့ပါတယ်..."

"အော်...အဲလိုလား..."

မယ်တော်ကြီးသည် စကားသာ ပြောနေသည်..မျက်လုံးကလည်း မှတ်ထားသည်...လက်တစ်ဖက်ကလဲ ပုတီးစိတ်ကို စိတ်နေသည်....

"ဒီကိစ္စတွေ အားလုံးမှာ တာဝန်ရှိသူဟာ မင်းကြီးဆိုတာကို သိတယ်မလား......"

"သားတော် နားမလည်ပါဘူး..မယ်တော်.."

"တကယ်လို့ မင်းကြီးသာ အနောက်ဆောင်က လူတွေကို
မျှမျှတတဆက်ဆံခဲ့မယ်ဆိုရင် ဒီလိုတွေ ဖြစ်စရာအကြောင်း
မရှိဘူး..."

"သားတော် နားလည်ပါပြီး.."

မယ်တော်ကြီးလည်း ဝတ်ပြုချိန်ရောက်၍ ထိုနေရာမှ အထိန်းတော်ကြီးနှင့် ထွက်သွားသည်...

မင်းကြီးလည်း မယ်တော်ကြီးအဆောင်မှ ထွက်ပြီး..
တစ်နေရာသို့ ဦးတည်လိုက်သည်..
  
မိဖုရားခေါင်ကြီးဟာ အဆောင်တော်ထဲတွင်သာ ပိတ်နေ၍
ကျမ်းစာများကို ကိုယ်တိုင် ကူးယူ၍ အပြစ်ဒဏ် ဆင်ခြင်နေသည်....

သူလုပ်ခဲ့သည့် အပြစ်က ကြင်ယာတော် ကနာကို သိက္ခာချရုံတင်မက အဆိပ်ပါ ခတ်ပြီး သတ်ကြောင်း မင်းကြီး
သိသည်....ထိုကြောင့် မင်းကြီးက အခွင့်ရေးကို အသုံးချ၍
မိဖုရားခေါင်ကြီးကို နေရာမှ ဖယ်ထုတ်ရန် ကြိုးစားခဲ့သည်..

ကြိုးစားသလောက်လဲ အရာမထင်ပါ..မိဖုရားခေါင်ကြီး၏
နောက်ကွယ်က အမတ်ချုပ်ပင်..အမတ်ချုပ်၏ နောက်ကွယ်က သူကိုတော့ မင်းကြီးမသိ...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now