P. 33

3.5K 287 6
                                    


Unicode

အရှင့်အလိုတော်အတိုင်း(33)

မနက်ခင်းအလှဟာ အေးချမ်းတယ် နွေးထွေးတယ် စိတ်အေးချမ်းတယ် ကိုယ့်ချစ်ရတဲ့ သူနဲ့ နိုးထတဲ့ မနက်ခင်း
ဟာ ပိုပြီးတော့တောင် အေးချမ်းနေတယ်..

Som ချစ်ရတဲ့ မင်းသား M ရဲ မျက်နှာကို လက်ဖျားလေးနဲ့
ထိရင်း တစ်သက်တာအတွက် အထိအတွေ့ကို ခံစားနေတယ်

ကုတင်ပေါ်မှ ထလိုက်ပြီး သွယ်လှသော လက်ကဘေးမှ အကျ..လက်ကို လျှိုသွင်းရင်း ခါးတွင် ခါးပတ်ကြိုးကို ချည်လိုက်တယ်...

အမြဲဝတ်နေကြ ချစ်သက်လက်ဆောင်ဖြစ်တဲ့ ကျောက်စိမ်းဆွဲပြားလေးဟာ စားပွဲခုံပေါ်မှာ တင်နေပြီး သူနဲ့ အတူ ဗျပ်စောင်းကိုတော့ ရင်ခွင်ထဲ ပိုက်ကာ ထိုနေရာမှ
တစ်လှမ်းခြင်း နဲ့ တစ်ဖြည်းဖြည်း ထို အိမ်လေးထဲမှ
ပျောက်ကွယ်သွားတော့တယ်...

ကုတင်ပေါ်မှ မင်းသား Mရဲ့ မှိတ်ထားသော မျက်ဝန်းမှ မျက်ရည်များဟာ ကျဆင်းလာပြီး မျက်ဝန်းလေ ပွင့်လာချိန်မှာ
တော့ ချစ်ရသူရဲ့ နောက်ကျောကိုသာ မြင်ရတော့တယ်..

မင်းသား Mလည်း ကုတင်ပေါ်မှ ထကာ စားပွဲပေါ်ရှိ
ကျောက်စိမ်းဆွဲပြားလေးကို ယူကာ သူ၏ ခါးတွင် ချိတ်ဆွဲထားလိုက်သည်...

မျက်နှာမှာ ရေးရေးလေးသာ ထင်ပေါ်တဲ့ အပြုံးတစ်ခု ချိတ်ဆွဲ
လိုက်တယ်...

"ချစ်တဲ့ရတဲ့ Som ဒီနေ့က စပြီး မင်းနဲ့ကိုယ်ဟာ ဘာမှမပက်သတ်တော့ဘူး..."

Kao နိုးလာတော့ ခေါင်းထဲက တစ်စစ်စစ်နဲ့ ကိုက်ခဲနေတယ်....

ညက အဖြစ်တွေက တစ်စိုးတစ်စနဲ့ ခေါင်းထဲ ဝင်လာပေမယ့်
ညက Kaoနဲ့ အိပ်စက်ခဲ့သူဟာ ကနာလို့ပင် Kao ထင်နေတုန်း...

ဘေးဘီကို ဝဲကြည့်လိုက်တော့လဲ ဘယ်သူမှ ရှိမနေတာကြောင့် Kao တကယ်ပဲ ညက ကနာ နဲ့များ မှားခဲ့သလား...ဒါဘယ်လို ဖြစ်နိုင်မှာလဲ... ညက သူနဲ့
အတူသောက်နေတာ Earth လေ...

ဒါဆို ညက...

Kao ပိုတွေးလေလေ ပို ခေါင်းကိုက်လေလေပဲ..ဒါပေမယ့်
ညက အဖြစ်ကို သူသတိရမှ ဖြစ်မယ်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now