P. 18

4.4K 356 3
                                    


Unicode

အရှင့်အလိုအတော်အတိုင်း (18)

"Yo ဘယ်ဘက် ပခုံး ပြကြည့်ပါ.."

"ဟမ်..!"

"သတင်းပို့ပါတယ်... "ရဲမက်တစ်ယောက် အလျင်အမြန်နဲ "မိန်းမစိုး အဆောင်တွင်က မိန်းမစိုးငယ်တစ်ယောက်မှာ
ဒဏ်ရာတွေနဲ တွေ့ရှိရပါတယ်..."

Lhong သွားရန် ပြင်လိုက်ပြီး...Yo ပခုံးကို စိုက်ကြည့်သွားတယ်....

"မင်းကြီး ကျွန်တော်ကို ခွင့်ပြုပါအုံး..."

Lhong ထွက်သွားပြီးတာနဲ့ မင်းကြီးလည်း ကနာကို အဆောင်တော်တွင်း လိုက်ပို့ကာ ညီလာခံကို ပြန်သွားလေတယ်.....

Yo က ကနာလေး နားမှာတုတ်တုတ်မလူပ် မတ်တပ်ရပ်နေတယ်.....

"အားလုံး ထွက်သွားကြ "ကနာ အမိန့်သံကြောင့် အဆောင်တော်အတွင်းရှိ အပျိုတော်များ အားလုံးထွက်သွားကြတယ်....

ကနာ ရေးနွေးကြမ်းခွက်ကို အငွေ့ဖယ်ရင်း

"ပခုံးက ဘာဖြစ်တာလဲ..." ကနာမျက်နှာတွင် အရင်လို နူးညံမှုတွေ ရှိမနေတော့ အေးစက်မှုတွေသာ ပြည့်နေတယ်...

"ဘာမှမဖြစ်ပါဘူး ကြင်ယာတော် သာမာန် ထိခိုက်မှုပါပဲ..."

"အို့....ဘယ်လို ထိခိုက်မှုများလဲ...."

"မနက်ခင်း ကြင်ယာတော် အတွက် ရေနွေးတည်ရင်း မတော်တဆ ဖြစ်မိတာပါ....စိုးရိမ်စရာ မရှိပါဘူး..."

"သမားတော်ရော ပြ ပြီးပြီးလား...."

" မပြရသေးပါဘူး ကြင်ယာတော်..."

"အဲဆို အခု သွားပြလိုက်...."

"ဟုတ်ကဲ့ ကြင်ယာတော်ရဲ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်.."

"မလိုပါဘူး...မင်းက ငါ့ညီလေးပဲကို..."

Yo သိနေသည်။ ကြင်ယာတော်က သူကို ရိပ်မိနေပြီးဆိုတာ..

ကနာ သိသည်။ ထိုကလေး သူကို တစ်ခုခုကို ဖုန်းကွယ်ထားသည်ဆိုတာကို။ ဒါပေမဲ့ သူဖုံးကွယ်ထားသည့် အရာက
ကိုယ့်ကို ထိခိုက်စေမှာလား မထိခိုက်စေနိုင်ဘူးလား ဆိုတာ
မသိနိုင်သေးဘူး။

မင်းကြီး မင်းကြီးကရော ဘာလို့ ကျွန်တော် ရှေ့မှာတင် Yo ကိုစစ်ဆေးခိုင်းရတာလဲ....တကယ်ပဲ မင်းကြီး စိတ်က ခန့်မှန်းရခက်တယ်...ဘာကြောင့်လဲ...မင်းကြီးကျွန်တော်အပေါ် ဆက်ဆံခဲ့တာတွေက အပေါ်ယံပဲလား.....

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now