P. 7

6.3K 449 4
                                    


Unicode

အရှင့်အလိုတော်အတိုင်း(7)

ကနာ မေ့ကြည့်လိုက်တော့..

"မင်းကြီး...."

ကနာ ချက်ချင်းဆိုသလို မင်းကြီး ရင်ခွင်ထဲမှ ထွက်လိုက်ကာ

"မင်းကြီးကို ဂါဝရပြုတယ်..."

မင်းကြီးက ကနာကို စိုက်ကြည့်ကာ...

အရင်က သတိမထားမိ....အနီးကပ်ကြည့်တော့မှ မိန်းကလေးတစ်ယောက်ထက်တောင် ဆွဲဆောင်မှုရှိသည်။

ထိုအချိန်...လေးနဲ့ မြားကို ကိုင်ကာ ထွက်လာသော
မင်းသားငယ်....မင်းကြီးရဲ့ ညီတော် M

"ကျွန်တော် အကိုတော် ကို ဂါဝါရပြုပါတယ်...."

မင်းကြီးက "ဥယျာဉ်တော်ထဲမှာ မြားပစ်ရလို့လား..."

"ကျွန်တော် မဆင်ခြင်မိတဲ့အတွက် ခွင့်လွှတ်ပါ...အကိုတော်.."

"သြား...အထိန်းတော်ဆီမှာ...အပြစ်သွားခံယူ "

"အကိုတော် ညှာတာမှုအတွက် ကျေးဇူးတင်ပါတယ်"
ဆိုပြီ မင်းသားငယ် နာခံပြီးထွက်သွား၏။

"မင်း ဘာဖြစ်သွားသေးလဲ..."

"ကနာ မင်းကြီး ကျေးဇူးကြောင့် ဘာမှမဖြစ်ပါဘူး..."

"အမ်...." စကားတစ်ခွန်းသာ ပြောပြီး မင်းကြီး လှည့်ထွက်သွားတယ်.....

ကနာကတော့ လှည့်ထွက်သွားသော ကျောပြင်ကို ကြည်ရင်းနဲ့သာ......

"ကြင်ယာတော် ဘာမှမဖြစ်သွားဘူးမလား...."

"ဟမ်...အော်...ဘာမှမဖြစ်ပါဘူး...ငါ့တို့ ပြန်ရအောင်..."

"ဟုတ်ကဲ့ပါ ကြင်ယာတော်....."

............

မင်းကြီး စာဖတ်ဆောင်မှာ စာဖတ်နေစဉ်....

"မင်းကြီး..စစ်သူကြီး၏သား Kaoမှ တွေ့ခွင့်တောင်းပါတယ်" မိန်းမစိုးမှ လျှောက်တင်တော့..

ဟင့်...နောက်ဆုံးတော့လဲ...ရောက်လာပြီးပေါ...

"ခေါ်လိုက်"

"မင်းကြီးကို ဂါဝရပြုတယ်..."

"ရပြီး...ဘာကိစ္စရှိလို့လဲ...."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now