P. (13)

6K 426 5
                                    


Unicode

အရှင့်အလိုတော်အတိုင်း.(13)

ကနာ မင်းကြီးရဲ့ နန်းဆောင်အတွင်း မင်းကြီးအား အပေါ်ဝတ်ရုံရှည် ကူချွတ်ပေးနေပြီး..မင်းကြီး ဒဏ်ရာ ရသွားသော နေရာအား ဖြေးညင်းစွာ ဆေးလိမ်းပြီး ဒဏ်ရာအား စည်းပေးနေသည်...

ထိုသို့ပြုလုပ်ပေးနေစဉ်း ကနာ စိတ်ထဲ တွေးမိသည် ။
မိမိအတွက် သွေးထွက်ခံပြီး ကာကွယ်ပေးသော မင်းကြီးအား
အကြင်နာ ပိုမိပြန်သည်...

ဒဏ်ရာအား ဆေးထည့်ပြီးချိန် အပေါ်ဝတ်ရုံရှည်အား ပြန်လည် ဝတ်ပေးနေသည်

"အဲလူက ဘယ်သူလဲ....."

မင်းကြီးရဲ့ အေးစက်စက်အမေးကြောင့် ကနာ ခဏပင် ကြောင်မိသွားတယ်...

"အဲတာက...အဲတာကလေ..." မဝံမရဲဖြစ်နေသော ကနာကြောင့် မင်းကြီး ကနာ လက်အား ကိုင်ပြီး

"ရပါတယ် ငါ့ကိုယ်တော်က သိချင်ယုံပါ...ခက်ခဲရင် မပြောပါနဲ့..."

"အဲလိုမဟုတ်ပါဘူး...တကယ်တော့ ကနာ နန်းတွင်း မဝင်ခင် တစ်နှစ်အလိုကပါ...ကနာ သူငယ်ချင်း No နဲ့
အပြင်ထွက် ကစားရင် အလောင်းကစားရုံကို ရောက်သွားတာ"

ကနာ ၏ အပြောလေးကို မင်းကြီး လက်ဘက်ရည်ကြမ်း မော့ကာ ပြုံးပြီး နားထောင်နေတယ်....

"အဲလူက ဒိုင်လူကြီးဖြစ်ပြီး လိမ်ပြီး ဆော့နေလို့...ကနာနဲ့ Noက နဲနဲ ပညာပြလိုက်တာ... သူလိမ်တာ ပေါ်သွားတော့
အလောင်းကစားရုံရဲ့စည်းကမ်းအတိုင်း သူပိုက်ဆံမ​လျော်နိုင်တော့ သူညာဘက်လက်ကို ပေးလိုက်ရတယ်....အဲတာကြောင့် ကနာတို့ကို အမှတ်ထားပြီး လိုက်နှောင်ယှက်တာ ထင်တယ်..."

မဝံမရဲပြောနေသော ကနာ ပုံလေး ကလေးတစ်ယောက်ထက်ပင် ဖြူစင်နေသေးသည်...

"ကြင်ယာတော်က အလောင်းကစား ဆော့တတ်တယ်ပေါ..."

"တကယ်တော့ အကိုတော်ရဲ့ သူငယ်ချင်းက သင်ပေးတာပါ..အကိုတော် မသိခင်...."

"အကိုတော်ရဲ သူငယ်ချင်း...."

"ဟုတ်ပါတယ်...သခင်လေး Earth လေ မင်းကြီး သိလား
သူက နန်းတွင်းထဲမှာနေတာ...ဒါပေမဲ့..ဘာလို့လဲ..မသိဘူး..ရုတ်တရက်ကြီး သူပျောက်သွားတယ်...ကနာတို့ အိမ်တော်ကိုလဲ လာမလည်တော့ဘူး..."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now