P. 16

5K 380 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း(16)

"စစ်သူကြီးကတော် ကြွရောက်လာပါပြီ..."ဟု ကြားသည်နှင့် ကနာ ကုတင်ထက်မှ အမြန်ဆင်းကာ ကနာ အမေကို သွားကြိုတယ်...

စစ်သူကြီး ကတော်ကို တွေ့တာနဲ့ ကနာ ပြေးဖက်ပြီး

"အမေကို အရမ်းလွမ်းနေတာ..."
ပြီးတော့ စစ်သူကြီးကတော်ကို အဆောင်တော်တွင်း ခေါ်သွားတယ်...

ကျွန်းစားပွဲခုံလေးအလယ် ကျွန်းထိုင်ခုံလေးတွင် ထိုင်ကာ
စစ်သူကြီးကတော်က ကနာ မျက်နှာလေးအား ညင်သာစွာ ကိုင်ပြီး...

"ပိန်သွားလိုက်တာ သားတော်..."

ကနာလေး စစ်သူကြီးကတော် ကိုင်ထားတဲ့ လက်ကိုပြန်ကိုင်ပြီး

"သားတော် ကျန်းမာပါတယ် အမေ... သားတော် ပင်းပန်ရုံပါ...."

"သားတော် ဆေးရော အချိန်မှန် သောက်ရဲ့လား..."

"ကျွန်တော် သောက်ပါတယ်.....အမေ ဒါနဲ့ အဖေနဲ့ အကိုတော်ရော...ကျန်းမာပါရဲ့လား..."

"တစ်လ တစ်ခါတော့ စာကို အချိန် ပို့တယ်...စာထဲမှာလည်း
အဆင်ပြေကြောင်း ပြောထားပါတယ်...သားတော်သာ
ကျန်းမာအောင်နေပါ...."

"ဟုတ်ကဲ အမေ

...."
.............

ညီလာခံတွင်...

မင်းကြီး နဂါးပုလင်ပေါ်ရှိ လျှောက်လွှာများကို ကြမ်း တမ်းစွာ ပစ်ချလိုက်တယ်....

"ဒီကိစ္စကို ငါ့ကိုယ်တော် ကိုယ်တိုင် စုံစမ်းစစ်ဆေးမယ်..."
ဆိုပြီး ဒေါသကြီးစွာ ညီလာခံမှထွက်လာတယ် မင်းကြီးထွက်သွားသည်နှင့် မိန်းမစိုးလည်း...

"ညီလာခံ သိမ်းပြီး..."ဟု အော်ပြီး မင်းကြီး နောက် ထပ်ကြပ်မခွာ လိုက်သွားသည်...

စာဖတ်ခန်းရောက်တော့ ကိုယ်ရံတော် Lhong ရောက်လာပြီး

"မင်းကြီး စုံစမ်းခိုင်းတဲ့ ကိစ္စ သိပါပြီး...."

"အခြေအနေ...."

"ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်ဗျုဟာ ပေါက်ကြားရခြင်းက
စစ်သူကြီးရဲ့ သား Kaoနဲ့ သက်ဆိုင်နေပါတယ်...
ပြီးတော့...."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now