P. 10

6.1K 439 1
                                    


Unicode

အရှင့်အလိုတော့်အတိုင်း (၁၀)

ညဥ့်နက်လို့ နန်းတွင်းရှိ လူများလဲ အဆောင်ပြန် မထွက်ရတော့....ရဲမက်များကလည်း အလှည့်ကျ ကင်းလှည့်နေပြီ...

စည်းကမ်းတင်းကျပ်သည့်ကြားက ညမထွက်ရ အမိန့်ကို လွန်ဆန်ပြီး....အုတ်တံတိုင်းကို ကျော်နေသူက မင်းသားငယ် M နှင့် ကြင်ယာတော် ကနာရဲ့ အစေခံ Yoပင်

တစ်ယောက်ပေါ် တစ်ယောက် ထပ်ပြီး အုတ်တံတိုင်းကို ကျော်နေတယ်....

"မင်းတို့ ဒီနေ့ ရော ကျော်လို့ ပြီးတော့မှာလား..." ကနာ စိတ်မရှည်စွာနဲ မေးတော့...အပေါ်ကို ခြေလှမ်းရန် ပြင်နေတဲ့ M က

"ဘယ်လောက်ခက်လဲ သိချင်ရင် မင်းလာတက်ပါလား"
ပြောရင်းဆိုရင်းနဲ့ M တစ်ယောက် တစ်ခြားဖက်သို့ ကျော်တက်သွားတယ်.....

M တစ်ဖက်သို့ရောက်တော့  အသင့်စောင့်ကြိုနေတဲ့ ကနာ

"ဟင်....မင်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ.....မဟုတ်မှလွဲရော...မင်း ကိုယ်ဖော့ သိုင်းတတ်တာလား ...."M၏အမေးကို ကနာ ဟက်ဟက်ပက်ပက် ရယ်လျက်.....

"မင်း ပြောသလို တက်ရင် ကောင်းတာပေါ...."

"အဲဆို မင်း ဘယ်ကရောက်လာတာလဲ...."

ကနာက လက်ညိုးထိုးပြီး ပြလိုက်တော့မှ မလှမ်းမကမ်းမှာရှိနေ့သည့် တံခါးပေါက်။  အဲကြမှ Mလည်း...ကနာ သူကို ဂွင်ဆင်မှန်းသိသွားတယ်....

မထူးပါဘူးလေ သူတို့ သုံးယောက် တော်ဝင်စားဖိုဆောင်ထဲ ခိုးဝင်ပြီး ရှိသမျှ သရေစာတွေအကုန် အဝ စားလာတယ်...

ဒီလိုကျတော့လဲ  ကနာ ပျော်နေမိပြန်တယ်....မလုပ်ဖူးသည်များကို သူငယ်ချင်းအသစ်တွေနဲ့ လျှောက်လုပ်တော့....

သုံးယောက်သား တိုးတိုးနဲ့ အပြန်မှာ ကနာ လူတစ်ယောက်ကို
ဝင်တိုက်မိပြီး နောက်ပြန်လဲအကျ ထိုလူက ကနာ ခါးကို တင်းကျပ်စွာ ပြန်ဖက်လိုက်တော့ ကနာနှင့် မျက်နှာချင်း နီးကပ်လျက်......

ရင်ခုန်သံများ......

ကနာလည်း...သရုပ်ပျက်နေသည့် မိမိပုံကို ပြန်ပြင်ဆင်လိုက်ပြီ....'မင်းကြီးကို ဂါဝရပြုပါတယ်..'

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now