P. 44

2.9K 271 5
                                    


Unicode

အရှင့်အလိုတော်အတိုင်း(44)

"တောက်!.....ဒါ..ဒါ....ဘယ်လိုတွေ....ဖြစ်နေကြတာလဲ"

ယဉ်ကျေးမှုအမတ်သည် No၏ အခန်းတွင်းရှိ ကုတင်ထက်တွင် အဝတ်အစားများ လစ်ဟနေပြီး အိပ်ပျော်နေသည် Noနှင့် Lhong ကို အော်ကာ ပြောလိုက်သည်.။

ဝိုးတိုးဝါးတဝါးဖြင့် နိုးထလာသည့် Lhong သည် အဖြစ်အပျက်များကို နားမလည်စွာဖြင့် ဆွံအနေခဲ့သည်။

သူ၏ ပုံစံကို ပြန်ကြည့်ခြင်းဖြင့်လည်း ပိုပြီး စိတ်ချောက်ခြားလာခဲ့သည်။

Lhong မမှတ်မိတော့ပါ။ Noနှင့် စကားပြောပြီး ထွက်သွားခဲ့သည် မဟုတ်လား။ဘယ်လိုလုပ် သူသည် No
၏ ကုတင်ထက် ရောက်လာသနည်း။

Lhong သည် အမြန်ကုတင်ပေါ်မှ ဆင်းကာ ယဉ်ကျေးမှု
အမတ်ဆီ ဒူးထောက်လိုက်သည်။

"ဒါ..ဒါ..ဘယ်လိုဖြစ်မှန်...မ..မသိလိုက်ဘူး.."

"မင်း...မင်း..."

"သခင်ကြီး စိတ်ထိန်းပါ..."

No၏ မိထွေးမှ ဝင်ပြောလိုက်သည်။

"ဒါတွေ ဘယ်လို ဖြစ်ရလဲဆိုတာ ကိုယ်ရံတော် Lhong
သခင်ကြီးကို ရှင်းပြသင့်တယ်."

No၏ မိထွေးမှ အေးဆေးစွာဖြင့် ဖြေရှင်းရန် ပြောလိုက်
သည်။

"ရှင်းပြစရာမလိုဘူး...ကုတင်ထက်မှာ အဝတ်အစားမရှိဘဲ
အိပ်ပျော်နေတာ ဘာလဲ တရားထိုင်နေတယ် ထင်လို့လား."

No၏ ဘုဆတ်ဆတ် အဖြေကြောင့် Lhong ပို၍ပင်
ခေါင်းကြီးခဲ့ရပြီ။

ယဉ်းးကျေးမှု အမတ်သည်လည်း ဒေါသထွက်ကာ Noအား
ရိုက်ရန် ပြင်လိုက်ပေမယ့် မိထွေးမှ တားထားတာကြောင့်
မရိုက်နိုင်။

Noသည် ကုတင်ထက်မှ ထကာ ဒူးထောက်နေသည့်
Lhong ကို မ ထူလိုက်သည်။

သို့သော်လည်း Lhong သည် No၏ လက်များကို ပယ်ချကာ ဆက်လက်ပင် ဒူးထောက်နေသည်။

"ကိုယ်ရံတော် ကို အရင် နန်းတွင်း ပြန်ဖို့ အကြံပေးချင်ပါတယ်..နောက်ပြီ ကျွန်မတို့ မိသားစု ပြသာနာလေး ရှိနေလို့ပါ...ဧည့်သည်ပို့.."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now