Part (58) Final Part

8.3K 410 61
                                    


Unicode

အရှင့်အလိုတော်အတိုင်း (ဇာတ်သိိမ်းပိုင်း)

မင်းကြီးသည် ကနာ၏ နန်းဆောင်ကို ရောက်တော့ အိပ်ဆောင်တွင် ကနာမရှိ။

ကနာ၏ နန်းဆောင်တွင်လည်း ကနာက လူရူပ်လျှင်မကြိုက်သည်ဟု ဆိုသော်ကြောင့် အစေခံများကို အနည်းငယ်သာ ထားထားသည်။

မင်းကြီးအဆောင်အတွင် ပတ်ရှာကြည့်ပေမယ့်မတွေ့။

ဥယျာဉ်ဘက်မှ ထွက်လာသည် Pen ကို မြင်တော့ မင်းကြီးသည် ကနာ ဥယျာဉ်ဘက်တွင် ရှိနေမည်ဟု ယုံကြည်၍ လိုက်ခဲ့သည်။

ကနာသည် တံတိုင်းမွှေးပင်ကြီး၏ ပင်စည်ကို အားပြု၍ မြေပြင်ပေါ်တွင် ထိုင်ချကာ လေညင်းလေးများကို ခံစားနေသည်။

မင်းကြီးလာသည်ကိုပင်မသိ။

မင်းကြီးလည်း ကနာ၏ မျက်လုံးလေးတွေကို ပိတ်လိုက်တော့
ကနာ လန့်ကာ မျက်လုံးကာထားသည့် မင်းကြီးလက်ကို ရိုက်လိုက်မိသည်။

"ဘယ်သူ..ဘယ်သူလဲ "

မင်းကြီးသည်လည်း ယခုချိန်ထိ သူဘယ်သူမှန်းမသိသေးသည့် ကနာကို အသည်းယားစွာဖြင် ဘာမှမပြောဘဲ ဆက်လက်ပြီး ကာထားလိုက်သည်။

"မင်း..မင်းကြီးလား"

မင်းကြီးလည်း လက်ကိုဖြည်လိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ ပင်စည်ကို မှီနေသည့် ကနာ၏ ကိုယ်လေးကို
သူ၏ ရင်ခွင်ထဲသို့ သွင်းလိုက်သည်။

"ငါ့ကိုယ်တော်က မမှတ်မိမှာ စိုးရိမ်နေတာ"

"ကျွန်တော်က ရုတ်တရက်မို့..လန့်သွားလိုက်ပါ"

"ဒါနဲ ဘာလို့ မအိပ်သေးတာလဲ"

"ကျွန်တော် မအိပ်ချင်သေးလို့ပါ..."

"တကယ်လား....."

"တကယ်ပါ့.."

"တကယ်ကြီးလား...."

"မင်းကြီး.."

မင်းကြီးက မယုံသလိုဖြင့် မေးနေတာကြောင့် ရှက်ကာ ​ အော်လိုက်မိသည်။

"တကယ်တော့...မင်းကြီးကို စောင့်နေတာပါ.."

"ငါ့ကိုယ်တော်ကို လွမ်းနေတာလား.."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now