Part. 46

2.8K 245 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း(46)

"ဟုတ်တယ်..။ငါမှာ အမေနဲ့ ကနာ ကျန်သေးတာပဲ..။ဒီကိစ္စကြီးသာ အဆင်ပြေရင် ငါ့ ကနာနဲ့ တစ်သက်လုံး
အတူနေနိုင်မှာ..."

လှည့်ကာ ထွက်သွားတဲ့ ချစ်ရသူရဲ့ နောက်ကျောကို ကြည့်ကာ ရေရွတ်လိုက်မိသည်။

မဖြစ်နိုင်မှန်းသိလျက်နှင့် ဇွတ်တိုးနေသည်ကိုလည်းသိသည်။
ကနာ နှင့် ပက်သက်လျှင် Kao သည် အားနာချက်ကြီး တစ်ခုပေ။ သူများ၏ အသုံးချခြင်း ခံရတာတောင် သိနေတာ
တောင် မျှော်လင့်ချက်သေးသေးလေးအတွက် သူ ပျော်ရွှင်နေတုန်းပင်။

တစ်ချိန်က သူချစ်ရသူ၏ နှလုံးသားဟာ သူဆီမှာ မရှိတော့သည့် အချက်ကိုတော့ Kao မေ့လျော့နေခဲ့သည်။

"မနက်ဖြန် ဦးရီးတော်နဲ့ တွေ့ဖို့ စီစဉ်လိုက်"
................
ကနာ နန်းဆောင် ပြန်ရောက်တော့ ပင်ပန်းလွန်း၍ နုံးချိနေသည်။

ယခုတလေး လူက နည်းနည်းလေး လှုပ်မိရင်ပင် မခံနိုင်လောက်အောင် မောပန်းလာသည်။

"Pen....ငါ့ ရေနွေးစိမ်ချင်တယ်.."

ကနာ၏ ဝတ်ရုံရှည်ကို တန်းပေါ် တင်နေသော် Penသည်
ပြောလိုက်သည်။

"ညဥ့်နက်နေပါပြီ...ကြင်ယာတော်..ရေမစိမ်သင့်တော့ပါ
ကြောင်း.."

"ငါ့ မြန်မြန်လေး စိမ်မှာပါ.."

"ကြင်ယာတော်..အမိန့်ကို လွန်ဆန်မိသည့်အတွက် အပြစ်ရှိပါတယ်...အပြစ်ပေးပါ.."

နောက်ဆုံးချိန်ထိ ငြင်းဆန်နေသည့် Penကြောင့် ကနာ လက်လျော့ကာ အိပ်ရာဝင်ခဲ့တော့သည်။

အိပ်ပျော်သွားသည့် အချိန်တွင် ကနာ၏ ကိုယ်လုံးလေးသည်
နွေးထွေးသည့် ရင်ခွင်ထဲ ရောက်နေသည်ကိုတော့ သတိမပြုမိ။
................
"ကိုကြီး Lhong နိုးပြီလား.."

"အင်း..ဝင်ခဲ့တော့..."

Gar လဲ ရေဇလုံလေးဖြင့် Lhong၏ အခန်းတွင်းသို့ ဝင်ခဲ့သည်။

Lhong မျက်နှာသစ်ပြီးတော့ အစေခံများက ဟင်းပွဲများ
လာချကြသည်။

"မင်းကတော်ငယ် မနက်စာ စားဖို့ အဆင့်သင့် ဖြစ်ပါပြီ"

"မင်းတို့ အားလုံး သွားလို့ရပြီ"

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now