P. 22

3.7K 285 5
                                    


Unicode

အရှင့် အလိုတော်အတိုင်း...(22)

"Earth....."

နောက်က ခေါ်သံကြောင့် Earth ကလေးတွေကို ပုံပြောပြနေရင်း နောက်သို့ လှည့်ကြည့်လိုက်မိတယ်..
တစ်ခါမှ ဒီလိုမျိုး ထပ်ပြီး တွေ့ဆုံမယ်လို့ မထင်ထားခဲ့ဘူး...

သို့သော်လည်း...

"မင်းကြီး..."ရုတ်တရက် တွေ့လိုက်ရတာကြောင့် လန့်ကာ
မင်းကြီးကို တွန်းဖယ်လိုက်မိတယ်...

"မင်း..Earth မလား..ကိုယ်မင်းကို ဆုံးရူံးလိုက်ရပြီ ထင်နေတာ..."ဆိုပြီး မင်းကြီးက Earth ကို တင်းကျပ်စွာ ဖက်လိုက်တယ်...

Earth လည်း မရုန်းသာပေ...

ထိုမြင်းကွင်းက ကနာ အတွက်တော့ အမျိုးအမည် မသိတဲ့ ခံစားချက် တစ်မျိုးပဲ...

အမြဲတမ်း သူနဲ့ ရင်းနှီးနေခဲ့တဲ့ မင်းကြီးက သူနဲ့ ဝေးကွာသွားသလိုပင် ခံစားနေမိတယ်..

*မင်းကြီး ပြောတုန်းက မင်းကြီးက Earth နဲ့ မရင်းနှီးပါဘူး...ဟင်း...(သက်ပြင်းချသံ). .မင်းကြီးစိတ်ထဲမှာ ငါ့ကို မယုံကြည်နိုင်သေးဘူးပဲ...*

မင်းကြီးလည်း ဖက်ထားတဲ့ Earth ကို လွှတ်လိုက်တယ်။

"ဒါက ဘာ်လိုအခြေအနေလဲ...ငါ့ကိုယ်တော်ကို ရှင်းပြပါ.."

မင်းကြီး နားခဲ့သည် အိမ်လေးကို ပြန်သွားကာ ထို အိမ်လေးရဲ့ စားပွဲမှာ တစ်ယောက် တစ်ဖက်ဆီ နေရာယူရင်း....ကနာကတော့ ထိုနေရာတွင် မရှိပါ...

"ကျွန်တော်မျိုး တကယ်တော့ မ​ေ ခဲ့ပါဘူး..."

"ဒါပေမဲ့..ငါ့ကိုယ်တော် ကိုယ်တိုင် မင်းသေဆုံးတာကို မြင်ခဲ့တာ..."

"ဟုတ်ပါတယ်..ဒါပေမယ့် ကျွန်တော် မသေခဲ့ပါဘူး.....ဘယ်လို ဖြစ်သွားလဲ ဆိုတာ ကျွန်တော် မသိခဲ့ပေမဲ့ ဒီရွာက သူတော်စင် သမားတော် ကယ်တင်မှုကြောင့် ကျွန်တော် အသက်ရှင်ခဲ့ပြီး ဒီနေရာလေးမှာပဲ ကျေးဇူးဆပ်နေတာပါ..."

မင်းကြီးလည်း စားပွဲပေါ်မှာ တင်နေတဲ့ Earth လက်ကို ကိုင်လိုက်ရင်း..

"မင်းသိလား...ငါ့မင်းကို လွှမ်းနေတာ..."

". ....'Earthကတော့ ဘာမှ ပြန်မပြော ခေါင်းသာ ငုတ်နေတယ်...အကြောင်းအရင်းကတော့ မင်းကြီးသာ ပြန်ခေါ်သွားရင် သူ နန်းတော်ဆိုတဲ့ အကျဉ်းထောင်ကို ပြန်ရောက်အုံးမှာပဲ...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now