P.1

37.4K 801 67
                                    


အရှင့်အလိုတော်အတိုင်း

သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်သောတိုင်းပြည်တွင် သူတော်စင်မိသားစုဟူသည် အရေးပါသည့် မျိုးနွယ်စုရှိသည် ။သို့သော် နိုင်ငံရေးတွင် အရေးပါခြင်း မဟုတ်ပေ။

သူတော်စင်မျိုးနွယ်စုဟာ တိုင်းပြည်၏ဘုရင် သေဆုံးသည့်အခါ ရွေးချယ်ခံရသည့် သူတော်စင်သည် ထိုဘုရင်နှင့် အခေါင်းတစ်ခုထဲတွင် မြုပ်နှံမှုဖြင့် ပေးဆပ်ကြရသည်။ အကြောင်းရင်းသည်ကာ ဘုရင်၏ ဆိုးမွေများအား ကိုယ်စားခံပေးခြင်းဖြင့် ဘုရင်အား ကောင်းကင်နန်းတော်သို့ တက်ရန် ပါရမီဖြည့်ရသောကြောင့်ပင်။

မမွေးဖွားခင်ကတည်းက အရွေးချယ်ခံခဲ့ရသည့် ၂၉ဆက်မြောက် သူတော်စင်။ သန်းခေါင်ယံညတစ်ညတွင် သူတော်စင်မိန်းကလေး၏ နာကျင်စွာ အော်ဟစ်သံကို ကြားနေကြရသည်။

" မွေးတော့မယ်...... သူတော်စင်မိန်းကလေး....အားစိုက်ထားပါ.... "

ရေသန့်နှင့်အဝတ်သန့်များ ယူလာသောအစေခံများနှင့် သွေးများနှင့် ပေနေသော ပိတ်စများကို ပြန်ယူကာ အခန်းတွင်းမှ ထွက်သွားသော အစေခံများဖြင့် အလုပ်ရှုပ်နေကြသည်။

" နောက်ဆုံးတစ်ခါပဲ....အားထည့်ပြီး ညစ်လိုက်ပါ သူတော်စင်မိန်းကလေး "

သူတော်စင်မိန်းကလေးသည်လည်း သူတွင်ရှိသမျှ အင်အားသုံးကာ ကြိုးစားနေတော့သည်။

ထိုအချိန် သူတော်စင် မိန်ကလေးရဲ့ ခင်ပွန်းဖြစ်သူမှာလဲ စိုးရိမ်တကြီးဖြင့်.အခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်...

အိမ်တော်အတွင်းမှာရှိတဲ့ လူများအားလုံးသည် သူတော်စင်မိန်းကလေး၏ မီးဖွားနိုင်ရေးကိုသာ အာရုံစိုက်နေကြသည့်အတွက်
လုပ်ကြံသူများ ဝင်​ရောက်လာသည်ကိုပင် သတိမထားမိ...

လုပ်ကြံသူ ၂ယောက် ကအိမ်တော်ရှေ့က အစောင့်နှစ်ယောက်အား သတ်ဖြတ်ပြီး တံခါးဖွင့်လိုက်ရာ
ကျန်ရှိတဲ့ လုပ်ကြံသူ အယောက် ၂၀ ကလဲ အိမ်တော် အတွင်း ဝင်လာပြီး အိမ်တော်အတွင်းရှိ လူများအား သတ်ဖြတ်ကြ​တော့သည်။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now