Part. 47

2.8K 234 16
                                    


Unicode

အရှင့်အလိုတော်အတိုင်း(47)

"ဦးရီးတော်ကို ဂါဝရ ပြုပါတယ်"

"ရပြီ..."

"မင်းကို ငါ့ခိုင်းထားတာ လုပ်ပြီး ပြီလား"

"ဟုတ်ကဲ့ ဆက်ပြီး စောင့်ကြည့်ဖို့ပဲ လိုတာပါ"

"အမ်..မင်းကြီးရဲ နှစ်ပတ်လည် အခမ်းနားက နီးလာပြီ။ ဒါကြောင့် လက်နက်တွေကို ပိုပြီးတော့ အပြီးသတ်စေချင်တယ်"

""ဦးရီးတော် အမိန့်အတိုင်းပါ"

"ဒါကြောင့် မင်း အရင်လိုပဲ အပျော်ပါးမက်တဲ့ ပုံစံ ဟန်ဆောင်ထားအုံး ပြီးတော့ လက်နက်လုပ်တဲ့ နေရာကို မင်း သွားစစ်လိုက်အုံး....။ "

"စိတ်ချပါ ဦးရီးတော် ။ ကျွန်တော် ဆောင်ရွက်လိုက်ပါ့မယ်"

ထွက်သွားသည့် Kao ၏ နောက်ကျောကို ကြည့်ကာ
အချစ်က အရာရာကို ရူးသွပ်စေသည့် စကားကို ဦးရီးတော်
ယုံကြည့်လိုက်သည်။သူကိုယ်တိုင်လည်း ရူးသွပ်နေသူမလား။

မျိုးရိုးစဉ်ဆက် သစ္စာတရားမြဲတည်လာတဲ့ စစ်သူကြီးမျိုးရိုးဟာ Kao လက်ထဲမှာပင် ပျက်စီးရတော့မည်။

အမ်လေ..။ ဒါဟာ မဖြစ်နိုင်တဲ့ အရာကို ရူးသွပ်မိလို့ ပေးဆပ်ရတဲ့ တန်ဖိုးပဲ။

"ဦးရီးတော် လက်နက်ဆောင်ကို ရွေ့ပြောင်းလိုက်ပြီ မဟုတ်ဘူးလား"

ဦးရီးတော်၏ ကိုယ်ရံတော်က မေးလိုက်သည်။

"အမ်.."

"ဒါဆို..ဘာကြောင့်...Kao ကို.."

"ဟက်..မင်းကြီးက သတိထားမိနေပြီ။ ဒါကြောင့် နဲနဲလေး ဖြစ်ဖြစ် အမိခံရမယ်။ လုံးဝ ရှောင်ပုန်းနေလို့ မရေတာ့ဘူး။
နောက်ကွယ်မှာ လှုပ်ရှားနေတာ ဆိုပေမဲ့ မင်းကြီးက သက်သေ မရှိလို့သာ။သက်သေများယ ရှိခဲ့ရင် ငါ့အတွက် နေဆို
မမြင်ရတော့ဘူး."

"သိပါပြီ ဦးရီးတော်..။ဒါနဲ့ ဒီနေ့ မိဖုရား Su နန်းတွင်းထဲကို
ပြန်လာမှာပါ"

"Su...."
.................
"မင်းကြီး တံဆိပ်တော်ရွေးရန် အချိန်ကြပါပြီ.."

မင်းကြီး လျှောက်တင်လွှာများကို ဖတ်ရင်း

"ဘယ်အချိန် ရှိပြီလဲ"

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now