P. 42

3K 258 6
                                    


Unicode

အရှင့်အလိုတော်အတိုင်း(42)

"အမိန့်တော်ကို လက်ခံစေ...."

မိန်းမစိုး၏ မင်းကြီးအမိန့်တော် ယူဆောင်လာမှုကြောင့်
မိဖုရား May ဟာ မြေပြင်ပေါ် ဒူးထောက်လိုက်သည်..။

"မိဖုရား May သည် ကြင်နာတတ်ပြီး ဘာသာရေးကိုင်ရှိုင်း
သည်..။သားသမီး ဝတ်တရားလည်းသိတတ်ပြီ မိခင် တာဝန်လည်း ကျေပွန်သည်..။တော်ဝင် မင်းသားအား ဖွား
မြင်ပေးခဲ့သည်..။ ပြည်သူများ အပေါ်လည်း ကြင်နာတတ်ပြီး
မိခင်သဖွယ် ဖြစ်တာကြောင့် မင်းကြီးမှ မိဖုရားMay အား
မိဖုရားခေါင်ကြီး ရာထူး ချီးမြှင့်လိုက်သည်..။"

အမိန့်တော် ပြီးသည်နှင့် မိဖုရားMay သည် ဒူးထောက်ကာ
အမိန့်တော်ကိို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ယူလိုက်ပြီး

"ကျေးဇူးတင်ပါတယ်..မင်းကြီး.."
................
"ရပ်စမ်း....!"

"သခင်လေး...ဘာပြောစရာ ရှိလို့ပါလဲ..."

Lhong ကြင်ယာတော် ကနာအား မမြင်နိုင်သည့် နေရာမှ ငေးကြည့်နေရင်း No တွေ့ရှိသွားတာကြောင့် ပြေးရန် ပြင်
လိုက်ပေမဲ. အမိန့်ကြောင့် သူ၏ ခြေလှမ်းများ ရပ်တန့်လိုက်သည်..။

"မင်း...ဒီမှာ..ဘာလုပ်နေတာလဲ..."

Noသည် Lhong၏ အနောက်မှ ရောက်လာခြင်းဖြစ်၍
Lhong ငေးနေသည့် နေရာသို့ ကြည့်လိုက်သည့်အခါ
ကြင်ယာတော်ကနာကို တွေ့နေရသည်..။

"ကျွန်တော်...ကျွန်တော်..ဒီတိုင်း နန်းတော်ရဲ့ လုံခြုံရေး
စစ်နေတာပါ..."

"ဟုတ်လို့လား..."

"ဟုတ်ပါတယ်...ကျွန်တော် အဖွဲ့ရောက်နေပြီ ကျွန်တော် သွားလိုက်ပါအုမယ်.."

ထို့နောက် Lhong ဟာ သူ၏ အဖွဲ့နှင့်အတူ နန်းတော်ကို
ကင်းလှည့်ရန် လိုက်ပါသွားသည်..။

တစ်ချို့သော ချစ်ခြင်းတွေက အစမပြုခင်ကတည်းက မြေမြုပ်လိုက်ရတယ်...

Lhong ၏ ရင်ထဲမှ ကနာအတွက် အချစ်များကို ရာသက်ပန် မြေမြုပ်လိုက်သော်လည်း အဝေးကနေတော့
ငေးကြည့်ခွင့် ရှိနေသေးသည် မဟုတ်ဘူးလား...။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now