P. (24)

4K 294 2
                                    


Unicode

အရှင့်အလိုတော်အတိုင်း..(24)

တဖြည်းဖြည်းနဲ့...ကနာရဲ့ မျက်လုံးတွေ ပွင့်လာတယ်...
လှည့်ပတ်ကြည့်လိုက်တော့...ဘေးနားမှာ မင်းကြီးက ထိုင်ကာ ငိုက်နေတယ်....

ကနာ မင်းကြီးကို ကြည့်ရင်း ပြုံးမိတယ်.... မင်းကြီး သူကို မချစ်ပေမယ့် အနည်းဆုံးတော့ သူကို ဂရုစိုက်သေးသည်....

ဘယ်ချိန်လောက်ထိ အိပ်ပျော်သွားလဲ ကနာ မသိပေမယ့်
မင်းကြီးမျက်နှာကို ကိုင်ရန် အားယူလိုက်ရသည်...

ညင်သာစွာထိပေမယ့်လည်း အအိပ်ဆတ်တဲ့ မင်ကြီးက နိုးလာတယ်...

"နိုးလာပြီလား...ကနာ..".

ကနာ ထရန် ပြင်လိုက်သော်လည်း မင်ကြီးက တားလိုက်တာကြောင့် အိပ်ရာပေါ်တွင်သာ လှဲနေသည်...

"ကျွန်တော် အိပ်တာ ဘယ်နှစ်နာရီလောက် ရှိပြီလဲ..."

မင်းကြီး ကနာရဲ့ ဆံပင်လေးကို ညင်သာစွာ သပ်လိုက်ပြီး..

"မင်း အိပ်ပျော်နေတာ တစ်ပတ်ရှိပြီ..."

ကနာ ဘာကြောင့် ကိုယ့်ကို အဲလောက်ထိ အိပ်ပျော်သွားမှန်းမသိခဲ့ဘူး...သေချာတာ တစ်ခုက သူမောနေသည်...

ဘေးပတ်ကို ပတ်ကြည့်ကာ Yo ကို ရှာနေမိသည်..တကယ်ဆိုသူ နိုးလာရင် အရင်ဆုံးဝမ်းသာမည်သူ...ငိုယိုကာ.. သူ့ကိုဆူမည့်သူ...အခုချိန်တော့ အသံတိတ်ဆိတ်နေသည်....

"မင်းကြီး..ညီလာခံ တက်ချိန် ရောက်ပါပြီ..."

မိန်းမစိုး သတိပေးမှူ ကြောင့် မင်းကြီးက ကနာကို

"ငါ့ကိုယ်တော် ညီလာခံ သွားတက်အုံးမယ် ပြီးတာနဲ့ ပြန်လာခဲ့မယ်..."

ကနာ ပြုံးပြလိုက်သည်...

မင်းကြီး၏ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ကာ သူ မင်းကြီးကို ဘယ်ချိန်ကတည်းက ချစ်မိသွားလဲတော့ မသိပေမယ့် သေချာတာက မင်းကြီးကို ချစ်နေသည်...

ကုတင်တိုင်ကို မှီလိုက်ကာ ဘေးက အစေခံမလေးက ဆေး ယူလာပေးတော့...

"Yo ရော..ဘာကြောင့် ငါ့ Yo ကို မတွေ့တာလဲ..."

"Yo နန်းပြင်ထွက်သွားပါတယ်... ကြင်ယာတော်..."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now