P. 25

3.8K 314 10
                                    

Unicode

အရှင့်အလိုတော်အတိုင်း(25)

လွန်ခဲ့သော တစ်ပတ်က....

"ကြင်ယာတော်...ကြင်ယာတော်...ကြင်ယာတော်..."

Yo လဲကျသွားသည့် ကနာအား စိုးရိမ်ကြီးစွာဖြင့် နိုးနေသည်...

ကြင်ယာတော် ကနာ အဆောင်တော်အတွင်း...သမားတော်များစွာဖြင့်...ရှုပ်ရှက်ခက်နေသည်....

သမားတော်များလည်း...အခြေအနေ မထူးသည့်...ကနာကြောင့် အာခေါင်ပင် ခြောက်နေသည်...

အိပ်ရာထက်တွင် လှဲနေသော ကနာက အေးချမ်းလှသည်...

သို့သော်လည်း...အိပ်ရာဘေးထက်က မင်းကြီးကတော့ စိတ်မအေးနိုင်...

Yo သည်လည်း...ထိုင်မရ...ထမရ ဖြစ်နေသည်...သွေးသားမတော်စပ်သော်လည်း...မိမိလို လူတစ်ယောက်ကို သွေးသားအရင်းကဲ့သို့ ချစ်ခင်ပေးသည်...
ကနာကို စိတ်ရင်းနဲ့ ပင် စိတ်ပူနေမိသည်...မိမိအကြောင်းကိုသာ သိရင် မုန်းသွားမလား မသိပေမယ့်..ကြင်ယာတော်ကို တော့ မထိခိုက်စေချင်...ထိုကြောင့်..ကြင်ယာတော်ကို ထိခိုက်မှု နည်းသည်..နည်းလမ်းကို ရွေးချယ်ထားမိသည်...

"ခွမ်း..."

မင်းကြီးလည်း ဘေးနားမှာ ရှိတဲ့..ပန်းအိုးများကို စိတ်
ဒေါသလျောက် ခွဲပစ်နေသည်...

"တောက်....နန်းတွင်းသမားတော်တွေ ဖြစ်ပြီး..ဒါလေးတောင်... မကုနိုင်ဘူးလား..."

သမားတော်များဟာလည်း..ကြမ်းပြင်နှင့် မျက်နှာနဲ့ ထိထားပြီး..မျက်နှာပင် မဖော်နိုင်....

"မင်းကြီး စိတ်လျော့တော့ မူပါ..."သမားတော်များကလည်း..
ထိုစကား သာ ပြောနိုင်သည်..

ကနာအတွက်လည်း..အာမခံပေးနိုင်သည်.အတွက်...

"အရှင်မင်းကြီး...သူတော်စင် သမားတော်...ကို ဆင့်ခေါ်လိုက်ပါ...သူသာ ဆိုရင် ကနာကို ကုနိုင်ပါတယ်.."

Earth သတိပေးတာကြောင့်...မင်းကြီးမျက်လုံး
မျှော်လင့်ချက် ရောင်ခြည်များ သန်းနေသည်...

"ဆင့်ခေါ်..အခုချက်ချင်း..."

မင်းကြီးလည်း ကနာ မျက်နှာလေးကို အသာထိပြီး..လက်ကိုကိုင်ကာ...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now