P.9

6.4K 471 5
                                    


Unicode

အရှင့်အလိုတော်အတိုင်း(9)

"ညီတော် မှားမှန်းသိပါပြီး အကိုတော်....
ခွင့်လွှတ်ပေးပါ...နော်..နော်....."

M တစ်ယောက် Mew ကို ချစ်စဖွယ် အမူအရာလေးနဲ့ တောင်းပန်နေတယ်.....

"မရဘူး...နန်းပြင်မထွက်ရဘူးဆိုတာ...မသိလို့လုပ်တာမှ မဟုတ်တာ...သိရဲ့သားနဲ့လုပ်တာ....ဒီတိုင်း ဆက်နေ..
နောက်တစ်နာရီအထိ...."ပြောပြီး မင်းကြီး ထွက်သွားတယ်....

Mမှာ ဒူးထောက်ပြီး ခေါင်းပေါ်မှာ ပန်းအိုး တင်ထားရတာမို့
ခြေထောက်လည်း...ညောင်း...လက်လည်း..ညောင်းနေပြီး....

"အထိန်းတော်ကြီး...အကိုတော် မရှိတော့ဘူးလေ...ဟီး..ဟီး...ဖြတ်လိုက်မယ်နော်..."

"နောက် တစ်နာရီဆို ဖြုတ်လို့ရပါပြီး...မင်းသား.."

Mကတော့ ဆူပုတ်ပုတ်နဲ့ တစ်နာရီ ပြည့်သည့်အထိ...
..............

ကြင်ယာတော် ကနာ လည်း အိပ်ရာ နိုးလာတယ်...
မနေ့က ဘာဖြစ်ခဲ့လဲ ဆိုတာ ဘာမှမမှတ်မိတော့ဘူး...

ကနာလည်း မျက်နှာ သန့်စင်ကာ Yo ပြင်ဆင်ထားတဲ့
မနက်စာကို စားလိုက်တယ်...

"ကြင်ယာတော်..Way. .ကြွချီလာပါတယ်...."

ကနာ..နဲ့.Yo ကြောင်သွားသည်။နန်းတွင်းရောက်ကတည်းက သူဆီဘယ်သူမှ မလာသလို ကနာ လည်း ဘယ်သူဆီမှမသွား

ကြင်ယာတော်..Way ရောက်လာတော့..ကနာက ထပြီး..

"ကြင်ယာတော် Way ကို ဂါဝရ...."

ကနာ စကားမဆုံးခင်မှာပဲ...ကြင်ယာတော် Way. က
ကနာ ကို ဆွဲထူလိုက်တယ်...

" ကြင်ယာတော် ကနာ...ကျွန်တော်ကို ဂါဝရပြုစရာ မလိုပါ..
ကျွန်တော်က မျိုးရိုးနိမ့် ကျွန်မျိုးရိုးက ဆင်းသက် လာတာပါ..
ကျွန်တော်က မထိုက်တန်ပါဘူး...."

ကနာ လည်း ပြုံးလိုက်ကာ....

"ကြင်ယာတော် Way က ကျွန်တော်ထက် ရာထူးလည်း ကြီးသလို အသက်လည်း ကြီးတာကြောင့်..ဂါဝါရပြုဖို့ ထိုက်တန်ပါတယ်...."

"ကြင်ယာတော် ကနာ က မထင်ထားလောက်အောင်..
စိတ်ထားပြည့်ဝတာပဲ....ကြင်ယာတော် လိုမျိုး ပေါ့ပေါ့ပါးပါး
နေချင်လိုက်တာ...."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now