P. 28

3.7K 293 2
                                    


Unicode

အရှင့်အလိုတော်အတိုင်း..28

နေရောင်ခြည်၏ဖြာကျမှုကြောင့် မနက်ခင်းလေး အစပြုလာသော်
လည်း... မင်းကြီးရင်ခွင်ထဲမှ ကနာသည်
နွေးထွေးမှုကြောင့် အိပ်ပျော်နေတုန်း.....

မင်းကြီး(Mew) ဟာလည်း ချစ်ရသူက မိမိရင်ခွင်တွင် အပူပင် မရှိ အိပ်ပျော်နေတာကြောင့် မလှုပ်သာ....

"မင်းကြီး....မင်းကြီး...မင်းကြီး..."

အဆောင်တော်ရဲ့အပြင်ဘက်မှ မိန်းမစိုးဟာလည်း မကျယ်
လွန်း မတိုးလွန်းတဲ့ အသံနဲ့ မင်းကြီးကို နိုးနေတယ်..

"မင်းကြီး...မင်းကြီး...နေမြင့်တော်မူပါပြီး...မင်းကြီး..."

မင်းကြီး သိနေသော်လည်း အသံ တစိုးတစိမျှပင် မထွက်
ရင်ခွင်ထဲက ကောင်လေး အိပ်ရေးပျက်သွားမည်ကိုသာ
စိုးရိမ်နေသည်...

"မင်းကြီး...ညီလာခံ တက်ချိန် နောက်ကျနေပါပြီ...မင်းကြီး"

မိန်မစိုးမှာတော့ အထဲ ဝင်ကာလည်း နိုးလို့မရ အမိန့်ပေးပြီး.
နိုးလို့မရ...ထိုအခက်အခဲကို မည်သူမျှ မသိ
အခက်မသင့်လျှင် မင်းကြီး အမျက်တော်ရှ မှာလဲ ကြောက်မိသည်...

"မင်းကြီး...မင်းကြီး..."

ကြားရများလာတော့ မင်းကြီး ရင်ခွင်ထဲမှ ကနာဟာ လှုပ်စိ
လှုပ်စိ ဖြင့် နိုးလာသည်...

ကနာ နိုးလာတော့ အချိန်အားဖြင့်လည်း နောက်ကျနေပြီ..
သူကြောင့်လဲ တစ်ကြိမ်တစ်ခါမှ ညီလာခံကို နောက်မကျဖူး
တဲ့ မင်းကြီး နောက်ကျ၍ အမတ်များ ပြောစရာ ဖြစ်တော့မည်

ကနာ လည်း နိုးလာတော့ မင်းကြီးက အပြင်က မိန်းမစိုးကို
ဝင်လာဖို့ အမိန့်ပေးလိုက်တယ်..

မိန်းမစိုးကြီး ဝင်လာတာနဲ့ ရွှေရောင် ရေဇလားတွင် အေးမြသော ရေကြည်များနှင့်တကွ အဖြူရောင် ပိတ်စကိုပါ
သယ်ဆောင်လာသည့် အစေခံများက ဝင်လာကြသည်..

မင်းကြီးက မျက်နှာ သစ်ပြီးတော့ ကနာက မင်းကြီးကို
ညီလာခံတက်သည့် နဂါးဝတ်ရုံတော်ကို လဲပေးသည်...

တစ်ခါမှ မည်သူကိုမျှ အကျ..မဝတ်ပေးဖူးသည့်အပြင်
မိမိ အကျ..ဝတ်သည့်အခါလည်း အစေခံများက စီရင်ပေး
တာကြောင့် ကနာ အခက်တွေ့ရသည်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now