P. 14

5.4K 413 3
                                    


Unicode

အရှင့်အလိုတော်အတိုင်း(14)

မင်းကြီး ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ကနာ အား မင်းကြီး
သေချာစွာ ကြည့်နေမိတယ်...မင်းကြီးက သူ့လက်ညိုးဖြင့်
ကနာ မျက်ခုံးမွှေးလေးတွေကို အသာအယာ ထိကြည့်နေမိတယ်.....

ကနာ လည်ပင်းလေးက အမှတ်များကိုလည်း ကြည့်ကာ ကျေနပ်နေမိတယ်....

မင်းကြီးလည်း ထကာ ဝတ်ရုံရှည်ကိုလဲ လိုက်တယ် ပြီးနောက်
ကုတင်ထက်တွင် အသာအယာထိုင်ကာ ကနာ ကိုပြန်ငေးကြည့်နေမိပြန်တယ်....

"မင်းကြီး...တောင်ဘက်မှ စစ်ရေးသတင်း လျို့ဝှက်စာ ပို့လိုက်ပါတယ်..."မင်းကြီး အဆောင်တော် အပြင်ဘက်မှ
မိန်းမစိုးက အသံထိန်း၍ မင်းကြီးအားလျှောက်တင်လိုက်တယ်..

"ငါ့ကိုယ်တော် သိပြီ..."မင်းကြီးလည်း..ကနာ ကို စောင်သေချာ ခြုံပေးကာ နန်းတွင်းမိန်းမပျိုတွေအား ကြင်ယာတော် နိုးလာတာ စောင့်ပြီး သူ မင်းကြီး နန်းတွင်းကိစ္စကြောင့် သူကို မနိုးဘဲ ထားခဲ့သည်ကို မှာ၍
ထွက်သွားလေသည်....

မင်းကြီး အပြင်ထွက်သွားတော့ အဆောင်တော်အပေါက်ဝတွင် ထိုင်ပြီး ငိုက်နေသော Yo ကမန်းကတန်းထကာ မင်းကြီးကို အရိုအသေ ပေးလေးသည်.....

..........

"သခင်လေး...."Som ရဲ ခေါ်သံကြောင့် အဝေးတစ်နေရာကို ငေးနေသော မင်းသာ M အသိပြန်ဝင်ကာ....

"ဟမ်..Som. ..ဘာဖြစ်လို့လဲ..."

Somလည်း အနွေးဝတ်ရုံရှည်ကို မင်းသားအား ခြုံပေးလိုက်ပြီး...

"ညနေစောင်းနေပြီ..သခင်လေး..ကျန်းမာရေး ဂရုစိုက်ပါ..'

မင်းသားလည်း Som ကို ရင်ခွင်ထဲ သွင်းလျက်..
"မင်းသာ ငါ့အနားရှိရင် ငါ့ သေပျော်ပါတယ်...."

"သခင်လေး..ကျွန်တော် ညနေစာ ချက်ထားတယ်..
သခင်လေး မြည်းစမ်းကြည့်ချင်လား..."

မင်းသားလည်း...Som မျက်နှာလေးကို ကြည့်ကာ..

"ချစ်သူလေးရဲ့ လက်ရာကို မြည်းစမ်းချင်တာပေါ.."

Som လည်း မင်းသားကို ဟင်းတွေ တစ်ခုပြီး တစ်ခု ထည့်ပေးနေတယ်...Mကတော့ Som မျက်နှာလေးကို
ငေးရင်း စားဖို့ပင် မေ့နေတယ်...

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now