Part (55)

3.2K 229 6
                                    


Unicode

အရှင့်အလိုတော်အတိုင်း (55)

"မင်းကြီး ကြွရောက်လာပါပြီ "

မိန်းမစိုး၏ အသံနှင့်အတူ ကနာလည်း အဆောင်တွင်းသို့ ဝင်လာသည့် မင်းကြီးအား ထကာ ဂါဝရပြုလိုက်သည်။

"မင်းကြီးကို ဂါဝရပြုပါတယ်..."

"ရပြီ..."

မင်းကြီးလည်း ဒူးထောက် ဂါဝရပြုနေသည့် ကနာအား ဆွဲထူလိုက်ကာ ခုံပေါ်တွင် ထိုင်စေသည်။

မင်းကြီးမလာခင်က ခြေဆေးရန် ပြင်နေသည့် ကနာပုံစံကို မင်းကြီး ရိပ်မိသွားသည်။

အခန်းထဲမှ အစေခံများကို မိန်းမစိုးက အလိုက်တသိ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

အခန်းထဲတွင် မင်းကြီးနှင့် ကနာသာ ကျန်ရှိနေတော့သည်။

မင်းကြီးသည် ကနာအား ခုံပေါ်တွင် ထိုင်စေ၍ ခြေထောက်လေးအား အသာလေးမကာ ခြေဆေးရန် ပြင်ထားသည့် ဇလုံလေးထဲသို့ နှစ်ကာ ဆေးပေးလေသည်။

"မင်း...မင်းကြီး...မသင့်လျော်ကြောင်းပါ..."

မင်းကြီးတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ခြေဆေးပေးသည်။ ဒါက အပျိုတော်လေးတွေကြားမှာတော့ မင်းကြီး၏ ကြင်ယာတော် ကနာအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာကို မြင်ကြမှာ အမှန်ပင်...။

သို့သော်လည်း အာဏာစက်ပြင်းသည့် မင်းကြီး၏ အရောင်အဝါကို မှိန်မည်မှာလဲ မှား...။

ထို့ကြောင့် မင်းကြီးအား ကနာတားလိုက်သည်။

ကနာသည် မင်းကြီးကိုင်ထားသည့် သူ၏ ခြေထောက်ကို ဆွဲယူရာတွင်လည်း မင်းကြီးသည် အယူမခံပဲ သေချာစွာ ဆေးကြောပေးသည်။

ရေဆေးပြီးနောက် ကနာ၏ ခြေဖဝါးလေးကို မင်းကြီးသည် သူ၏ ဒူးပေါ်တွင် တင်ကာ သေချာစွာ သုတ်ပေးသည်။

"ရပြီ..."

"မင်းကြီး..."

"ငါ့ကိုယ်တော်က အမြဲ ဒီလိုလုပ်ပေးနေချင်နေခဲ့တာ...ကနာ..မင်းသိလား...ငါ့ကိုယ်တော် ဒီလို လုပ်ပေးရလို့ နည်းနည်းလေးတောင် စိတ်မခုပါဘူး...ဒါကြောင့် အားနာစိတ်မဖြစ်ဘဲ ငါ့ကိုယ်တော်ကို အသိမှတ်ပြုပေးပါ.."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now