P.3

7.7K 453 3
                                    

Unicode

အရှင့်အလိုတော်အတိုင်း(3)

Kao မနက်ခင်းနိုးထလာတာနဲ့ အတူ ဒီနေ့အတွက် စိတ်လှုပ်ရှားပြီး ပူပန်မိသည်။

တစ်ချက်မှားတာနဲ့ မိသားစုပါ အမြစ်ပြတ် သုတ်သင်ခံရမည့်
အပြစ် ဒါပေမယ့်လည်း တစ်ဖက်က ချစ်ရတဲ့ သူငယ်ချင်း
ကိုလွယ်မြောက်စေချင်တဲ့ အဲ စိတ်နှစ်ခုကြား လွန်ဆွဲရင်း..
မနက်ခင်းကို အစပြုလိုက်သည်။

Kao နိုးလာသည်နှင့် အစေခံတစ်ဦးမှ ရေဇလားနှင့် အဝတ်စဖြူကို ယူလာသည်။

Kao လည်း မျက်နှာသစ်ပြီး နန်းတော် သွားရမှာမို့
ဝတ်ရုံတော် လဲလိုက်တယ်....

ဝတ်ရုံတော်လဲပြီး မနက်ခင်း အဖေနဲ့ အမေကို ဂါဝါရပြုဖို့
ထွက်ခဲ့သည်။

ခမ်းနားလှတဲ့ ဧည့်ခန်းဆောင်ကြီးထဲမှာ စစ်သူကြီးနဲ့ စစ်သူကြီးကတော်တို့ ရယ်မောနေကြသည်။
ထိုသို ရယ်မောခြင်းက တခြားအကြောင်းမဟုတ်...

ကနာ က စကားလုံး လှလှလေးများဖြင့် မျက်နှာကို ပန်းထက်
လှအောင် အပြုံးများ တပ်ဆင်ကာ ချွဲနွဲနေသော်ကြောင့်...

"သားတော်...အဖေနဲ့အမေကို ဂါဝါရပြုပါတယ်"

Kao ဂါဝရပြုပြီးအထ ကနာက Kao လက်မောင်းကို
တွဲလျက်

"ဒီနေ့ အကိုတော် နန်းတွင်းထဲ ဝင်မှာ ကနာ လိုက်ခဲ့လို့ရမလား"

"ဒီနေ့က အိမ်ရှေ့စံနဲ့ စာပေဆွေးနွေးပွဲ ကနာလေး လိုက်လို့မရဘူး..."

"ဟာ...ကနာ...လိုက်ချင်တယ်..." ချွဲနွဲကာ ပြောနေသော
ကနာ ကို လိုက်ခဲ့စေချင်ပါသော်လည်း ဒီနေ့ဟာ အရေးကြီးသည့်နေဖြစ်သည့်အတွက်...ခေါ်လို့ပင် မရ

စစ်သူကြီးကတော်က

" ကနာ သွားချင်ရင် နောက်နေ့ကျမှ အမေနဲ့အတူ မယ်တော်ကြီးကို ဂါဝရပြုရင်း သွားကြတာပေါ..."

ကနာ တွဲထားတဲ့ လက်မောင်းကို ဖြုတ်ကာ..

"ကနာ အမိန့် နာခံလျက်ပါ.."

" ကနာ အမေ ခုနက နှင်းစက်လေးတွေ စုထားတယ်...သားတော် ဆေးအတွက်...အမေနဲ့ အတူ သွားကြည့်ရအောင်..."

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now