P. 8

6.2K 441 0
                                    


Unicode

အရှင့်အလိုတော်အတိုင်း(8)

ညနေစောင်းနန်းတော်ရှိ အနောက်ဘက်နန်းတွင်းအစောင့်များ
နည်းသည်။ထိုနေရာမှာ မင်းသားငယ်M
အရိပ်အခြေ မပျက် ကနာ ကို စောင့်နေ၏။
အရင်ကဆို တစ်ယောက်တည်း နန်းတော်က ခိုးထွက်တာဘာမှမဖြစ်ပေမဲ့...ကနာကိုပါအဖော်ခေါ်ခဲ့တော့
သတိထားနေရသည်....

ခဏ အကြာ ကနာနှင့်သူ၏အစေခံတို့ရောက်လာကြသည်။
လျှိ့ဝှက်အပေါက်ကနေ ထွက်ပြီးတော့ နန်းတော်အပြင်ကို ရောက်လာကြ၏။

နန်းတော် အတွင်းတွင်သာ ကျယ်ပြန့်လှပေမဲ့ ခြောက်ကပ်၏။

နန်းတော်အပြင်ကတော့ ဟန်ဆောင်မှုကင်းနဲ့ ပြည်သူများနဲ့
ပြည့်နှက်နေတယ်....

ကနာတို့ လမ်းအတော်ကြာ လျှောက်ပြီး....ဆိုင်တစ်ဆိုင်ကို ဝင်ခဲ့ကြတယ်....

ထိုဆိုင်က ယောကျာ်လေးများသာ သွားသည့် အပျော်မယ် ဂေဟာ ဖြစ်နေတယ်....ထိုဂေဟာတွင်...မိန်းကလေး အပျော်မယ်များသာမသ ယောကျာ်းလေး အပျော်မယ်ပါ ရှိနေသည်....

"ကြင်ယာတော်...ဒီနေရာကို...ကြင်ယာတော် လာလို့ မဖြစ်ပါဘူး.....ဒီလို နိမ့်ကျတဲ့ နေရာကို...."ဆိုပြီး Yo က
တားတော့...M က...

"မင်း...မင်း...စကားကို ဘယ်လိုပြောတာလဲ....ဒီနေရာမှာ ရှိတဲ့ သူတိုင်း နိမ့်ကျတာ မဟုတ်ဘူး...."

ကနာ က ရယ်လျက်....."ဟား..ဟား...အေးပါကွာ...M
ရာ Yo က စိုးရိမ်လို့ပြောတာပါ...သွားကြရအောင်..."

M တို့ လာသည်နှင့် ဂေဟာမ၏ အပေါ်ထပ်မှ မပေါ်တပေါ် ဝတ်ထားသည့် မိန်းကလေးများက လက်လှမ်းခေါ်နေသော်လည်း...ထို မိန်းကလေးများကို
M သဘောမကျပေ။

ဂေဟာ အဆောင်မှူး ရောက်လာပြီး....
"သခင်လေး...ဒီနေ့ ထင်တာ ထက် စော ရောက်လာတာပဲ..."

ကနာ က M အနားကို ကပ်ပြီး ယပ်တောင်ကို ဖြန့်ပြီး

"M မင်းက ဘယ်ဆိုးလို့လဲ...ဒီနေရာကို အ​မြဲ လာတာလား...."

M ရှက်ရမ်းရမ်းပြီး "မဟုတ်ပါဘူး"  ဆိုပြီး...အပေါ်သို့ တက်သွားတော့သည်။

အပေါ်ကို ရောက်တော့ အခန်းတစ်ခုထဲသို့ ဝင်လိုက်၏။ထို အခန်းမှာ သေရည်နဲ့ အမြည်း အစုံအလင် ချထားသည်။
တစ်ဖက်တစ်ချပ်မှာ လိုက်ကာဖြူဖြင့်ကာထားပြီး...ထို လိုက်ကာ ဖြူနောက်မှာ ဗျပ်စောင်းကိုင်ကာ....
တေးသွားများကို ညင်ညင်သာသာလေးတီးနေတဲ့....ကောင်လေး.....

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now