P. 45

2.9K 249 2
                                    


Unicode

အရှင့်အလိုတော်အတိုင်း(45)

ယဉ်ကျေးမှု အိမ်တော်ဟာ သာမာန်နေ့များနှင့်မတူ.။
အိမ်တော် တစ်ခုလုံး အနီရောင်များဖြင့် ခြယ်မှုန်းထားပြီး
လူများဟာလည်း ရှုပ်ယှက်ခက်နေသည်။

ဒီနေ့ဟာ ယဉ်ကျေးမှု အမတ်၏ သားငယ် တရားဝင် လက်ထပ်ပွဲနေ့ဖြစ်သည်။

သတိုးသမီးကတော့ မင်းကြီးက ချီးမြောက်ပေးတဲ့ နန်းတွင်း ဘဏ္ဌာထိန်း၏ သမီးတော် Sound ဖြစ်သည်။

Sound ဟာ ငယ်စဉ်ကတည်းက Noနှင့် ကြီးပြင်းလာပြီး
Noဟာ သူ၏ အချစ်ဦးလည်း ဖြစ်သလို အမြဲတမ်းအနားတွင် နေနိုင်ရေးအတွက် စဉ်းစားနေသူဖြစ်သည်။

အနီရောင် ပုဝါလေးဖြင့် အုပ်ထားသော Sound ဟာ
ဒီနေ့တော့ အထူခြားဆုံး သူဖြစ်နေတော့သည်။

သတိုးသားနဲ သတိုးသမီး မင်္ဂလာခန်းမ ဝင်ချိန်ကျရောက်လာပါပြီ.။

Noဟာ Sound ကို တွဲကာ ခန်းမတွင်းဝင်လာတော့
လူများက လိုက်ဖက်လှသည့်မောင်နှံဟု ချီးမြှောက် ပြောဆိုကြသည်။ သို့သော် ဤအရာသည် No လိုချင်သည်
အရာမဟုတ်။တစ်ခုကို လိုချင်လျှင် တစ်ခုကိုတော့ ပေးဆပ်ရရိုးပဲလေ။

"မိုးနဲ့ မြေ ကို ကန်တော့မယ်..."

Noနဲ့ Sound သည် နောက်ဘက်သို့ လှည့်ကာ ကောင်းကင်နှင့် မြေကြီးကို ကန်တော့သည်။

"မိဘများကို ကန်တော့မယ်."

အရှေ့ဘက်သို့ ပြန်လှည့်ကာ လူကြီးများကို ကန်တော့သည်။

"လင်မယားချင် ကန်တော့မည်"

Noနှင့် Sound ဟာ တစ်ယောက်ကို တစ်ယောက်
ကန့်တော့သည်။

"သတိုးသမီးကို မင်္ဂလာခန်းသို့ ပို့ဆောင်မည်။"

Noသည် Sound ကို တွဲကာ မင်္ဂလာခန်းသို့ ခေါ်ဆောင်သွားသည်။

တစ်ဖက်တွင်လည်း အိမ်တော်၏ အခန်းတစ်ခန်းတွင်
Lhong သည် သူငယ်စဉ်ကတည်းက လက်ဖဝါးမှ
တစ်ခါမှ မချဖူးသော် ဓားကို ယနေ့တော့ အပြီးပိုင် သိမ်းထား
ရတော့မည်မို့ ဓားကို သေချာစွာ သန့်ရှင်းနေသည်။

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now