Part 2

373 56 0
                                    

မိတ်ကပ်ပြင်ရင်း ခေါင်းကငိုက် ငိုက်ကျနေသည်ကို ဂျွန်မြောင်က အသဲတယားယား ကြည့်နေရသည်။

ငိုက်နေတာတောင်မှ ချစ်စရာကောင်းနေခြင်း

မျက်လုံးတလက်လက်‌နှင့် ပြုံးပြီးရီရှင်းကို ငေးနေသော မန်နေဂျာကို ဖီကျင့် သတိထားမိတာ မန်နေဂျာအဖြစ် အလုပ်စဝင်ကတည်းက ဖြစ်သည်။

တခြားမန်နေဂျာဟောင်းတွေနဲ့မတူဘဲ အပြုံးချိုချိုနှင့် ယဉ်ကျေးသည့် ကောင်လေးဖြစ်သည်။

နေ့တိုင်းမြင်နေရတဲ့ မျက်နှာကို ကြည့်နေလိုက်တာများ မျက်လုံးတို့ပါ ထွက်ကျမတတ်။

" ဂျွန်မြောင်..."

" ဗျာ ဖီကျဲ "

" နင်တစ်ချိန်လုံးငေးနေလိုက်တာဟယ် မရိုးဘူးလား "

" ရိုးစရာလားဗျ နှစ်ဆယ့်လေးနာရီ ထိုင်ကြည့်နေရင်တောင် ကြည့်မဝတာ "

" အမလေး ဟဲ့ ရီရှင်း..."

" ဟာ ရှူး ရှူး ဖီကျဲ ဘာလုပ်တာလဲ အိပ်နေတဲ့လူကို "

" ငါဆံပင်ဘယ်လိုပြင်ရမလဲ နင့်မင်းသားလည်း ကြည့်အုံး "

မျက်နှာချင်းဆိုင်အနေအထားမှ လက်ဖဝါးနှစ်ဖက်ပေါ်တွင် ရီရှင်း၏ မေးဖျားတို့က နေရာတကျ။

သီချင်းတွေရေးရင်း ညနက်ပြန်ပြီထင်ပါ့။ အလုပ်ကိုသဲကြီးမဲကြီး လုပ်တတ်တာတစ်ခုကိုတော့ ဂျွန်မြောင်တားမရ။

" အစ်ကို အစ်ကို ထတော့လေဗျာ အချိန်ကပ်နေပြီ "

" အင်း  အွတ်..."

မေးအောက်မှလက်တို့ကို ရုတ်တရက်ဖယ်လိုက်တာမို့ ခေါင်းက အောက်သို့စိုက်ခနဲ။

" ထတော့ဗျာ ကားလည်း အသင့်ရောက်နေပြီ ညနက်အောင်မနေပါနဲ့ဆိုတာလဲ မရဘူး "

My Idol Becomes My Husband (U+Z)Where stories live. Discover now