part 18

396 45 3
                                    

စောင်ပုံကြားက ပခုံးဖြူဖြူလေးထက်မှာ သွားရာကြီးက လတ်လတ်ဆတ်ဆတ်။ အသက်မှန်မှန်ရှူရင်း အိပ်နေတာမို့ မျက်တောင်တို့က ဖြောင့်ဖြောင့်စင်းစင်း

နှုတ်ခမ်းရဲရဲက အနည်းငယ်ယောင်နေတာမို့ စိုစိုဖောင်းဖောင်း။

မနမ်းဘဲမနေနိုင်တာမို့ အသာဖိကပ်လိုက်တော့ လူးလွန့်လာပေမယ့် မနိုးလာ။ မနေ့က အတော်ငိုခဲ့တာရောမို့ ပင်ပန်းနေရှာအုံးမှာ အသေအချာ။

မီးဖိုထဲဝင်လိုက်ပြီး ရိုးရိုးရှင်းရှင်း ဆန်ပြုတ်လေးသာပြုတ်ဖို့ ပြင်လိုက်သည်။ ပင်ပန်းနေတဲ့ကောင်လေးက ကိုယ်တွေ နွေးနေတာမဟုတ်လား

လက်နှစ်ဆုပ်စာ ဆန်ကို သေချာဆေးပြီး ရေအိုးထဲသို့ ထည့်လိုက်သည်။ ‌မုန်လာဥနီကို အတုံးသေးသေးလေးဖြတ်ပြီးလည်း ထည့်သည်။ ရေခဲသေတ္တာထဲမှာ အသင့်ရှိတဲ့ ကြက်သားအနည်းငယ်ကိုတော့ မီးအေးအေးနဲ့ ကြော်လိုက်တော့ အနံ့သင်းသင်းက မီးဖိုတစ်ခုလုံး မွှေးလာသည်

ဆန်ပြုတ်ခွက်ကို ဘေးကစားပွဲငယ်လေးမှာ ချရင်း ဂျွန်မြောင်ကို အသာလှုပ်နှိုးတော့ အိပ်မှုံစုံဝါး မျက်လုံးတွေက သူ့ကိုမြင်တော့ ဝိုင်းစက်သွားလျက်

" ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ရအောင်..အချစ် ဖျားနေတယ် "

စကားပြန်မလာတဲ့ကောင်လေးက သူ့မျက်နှာကိုသာ ငေးကြည့်နေဆဲ။

ပါးလေးတစ်ဖက်ကို ဆွဲနမ်းလိုက်မိတာက ချစ်လွန်းလို့။

" ရေချိုးမယ် "

" ဖျားနေတာကို မချိုးနဲ့တော့..ကိုယ်မျက်နှာသစ်ပေးမယ် "

မျက်နှာသစ်တော့လဲ အသာတကြည်။

စကားကိုအပိုမပြော။ မကျေနပ်တဲ့ပုံလဲမပြ။

" ကိုယ့်ကို စိတ်ဆိုးနေလား ဟင် အချစ် "

" ကျွန်တော် စိတ်ဆိုးနေလို့ ဘာထူးမှာလဲ ကျွန်တော်က အစ်ကို့လက်ထဲက အရုပ်ပဲမဟုတ်ဘူးလား "

" ကိုယ်ဘယ်လောက်ချစ်လဲ မခံစားမိဘူးလားဟင်..အချစ် "

ဘာလုပ်ရမလဲ...ဒီတိုင်း နှလုံးသားအရ အစ်ကို့ကို ချစ်သင့်သလား

My Idol Becomes My Husband (U+Z)Where stories live. Discover now