Part 4

343 50 1
                                    

ကားပြတင်းပေါက်ဘေးမှာ ထိုင်နေတာမို့ လေက တဖြူးဖြူး
နွေဦးရောက်နေပြီမို့ ထင်သည်။
ကားလမ်းဘေးတွင်လည်း နေကြာခင်းကြီးက လေယူရာလိုက်ယိမ်းနေလျက်။

ခါးကိုမတ်ပြီး ခေါင်းကို အသာစောင်းထားရပေမယ့် ဂျွန်မြောင်နည်းနည်းလေးတောင် မလှုပ်ရှားမိပါ။ သူ့ပခုံးပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အစ်ကိုရှ်ိသည်မဟုတ်လား။

မနေ့ညက ရိုက်ကွင်းက နောက်ကျမှပြီး‌ရုံသာမက ယနေ့မနက်စောစောထပြီး နယ်ဘက်သို့ ဆင်းရပြန်တာမို့ အိပ်ရေးမဝသည့် အစ်ကိုက အနည်းငယ်စူပုတ်ပုတ်နှင့် သူ့ပခုံးကို အားရပါးရမှီအိပ်တော့သည်။

လက်တစ်ဖက်ထဲနဲ့ အသာSelfieခိုးရိုက်လိုက်သေးသည်။ သူ့ဖုန်းထဲမှာလည်း အစ်ကို့ပုံတွေက နည်းတာမဟုတ်။ တစ်ချို့ကိုတော့ Studioကနေ ပြန်တင်ပေးတတ်သလို တစ်ချို့ကိုတော့ တိတ်တိတ်လေး သိမ်းထားတတ်သည်။
နှမြောတယ်လေ သူလဲ.....

ဘယ်လောက်ထိအိပ်ပျော်သွားသလဲမသိပေမယ့် ရေမွှေးနံ့သင်းသင်းလေးကြောင့် အသိတို့ဝင်လာရသည်။ ရီရှင်းတစ်ယောက် ဂျွန်မြောင် လည်တိုင်သို့ ပိုတိုးလိုက်သည်။ ပခုံးတစ်ဖက်ထက်မှာလို့ သိပေမဲ့ ဂျွန်မြောင်က သူ့ကို တခြားတစ်ယောက်ရဲ့ ပခုံးပေါ်မှာ ပစ်ထားမယ့် လူမျိုးမဟုတ်။

ဂျွန်မြောင့်ပခုံးလေး
ဂျွန်မြောင့်ရေမွှေးနံ့လေး.....

" နိုးရင်လည်း ထတော့ဗျာ ကျွန်တော့ပခုံးတွေ ညောင်းနေပြီ"

" အကြာကြီး အိပ်ပျော်သွားတာလား "

" အင်း ခဏနေဆို ရိုက်ကွင်းကို ရောက်တော့မှာ..."

ပါးစပ်ကတတွတ်တွတ်ပြောနေပေမယ့် လက်က သူလွယ်နေကျအိတ်လေးထဲ မွှေနေသည်။ ရှူဆေးဘူးလေး

" ရော့ ခေါင်းကြည်အောင်လို့ ဗိုက်ရောဆာလား ကျွန်တော် ထမင်းဘူးထည့်ခဲ့တယ် "

" နေပါ ခေါင်းလည်းကြည်သားပဲ အိပ်ရေးဝလို့နဲ့တူတယ် "

" အင်း ရော့ "

ထိုအိတ်ကလေးထဲကပဲ ထပ်ပြီး ထုတ်ပေးလာတာက လိမ္မော်ရည်ဘူးလေး။ ကိုယ်တိုင်ဖျော်ခဲ့ပုံရသည်...

My Idol Becomes My Husband (U+Z)Where stories live. Discover now