Part 6

305 46 2
                                    

အနည်းငယ်နောက်ကျနေပေမဲ့ ဂျွန်မြောင်အရဲစွန့်ကာ နံပါတ်တစ်ခုသို့ နှိပ်လိုက်သည်။ တတူတူဝင်သွားပြီး မကြာခင် အသံကြည်ကြည်က တစ်ဖက်က ထူးလာတော့သည်။

" မာမား မင်္ဂလာပါ နေကောင်းရဲ့လားခင်ဗျ "

" အင်း ကောင်းတာပေါ့ကွယ် "

" ဟိုဟာ မာမား ဟိုဟင်းလေ အစ်ကို အရမ်းကြိုက်တယ်ဆိုတာ‌ေလး အဲ့တာ ဘယ်လိုလုပ်ရမလဲဟင် "

" လွယ်ပါတယ်သားရဲ့ လိုက်မှတ်လိုက် "

" ဟုတ် မာမား "

မိနစ်အနည်းငယ်ကြာတော့ အစ်ကို့မေမေပြောသော အစ်ကိုကြိုက်တတ်သည့် ဟင်းအမယ်အနည်းငယ် ချက်နည်းက စာအုပ်ထဲတွင် သေချာမှတ်ပြီးသားဖြစ်သွားသည်။

ကိုရီးယားဟင်းအမယ်တော်တော်များများ ချက်တတ်ပေမယ့် တရုတ်အစားအစာတစ်ချို့ကို သူမချက်နိုင်။

ကြိုးစားပြီး တတ်သလောက်မှတ်သလောက် ချက်သလို တစ်ခါတစ်လေ အစ်ကို့‌မာမားကိုလည်း ဖုန်းဆက်မေးရတတ်သည်။
အစ်ကို့မာမား နဲ့ ပါပါးကလည်း ဂျွန်မြောင်ကို ချစ်ပေးကြသည်။

စိတ်ကဟိုတွေးဒီတွေးလုပ်နေပေမယ့် လက်က မုန်လာဥနီကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်နေသည်။ ငရုတ်ပွသီးများကိုလည်း အနေတော်လှီးဖြတ်ပြီး ခွက်တစ်ခုထဲထည့်ထားသည်။

မကြာပါ....မီးဖိုခန်းထဲမှ အနံ့သင်းသင်းလေး ထွက်လာတော့သည်။ စားပွဲပေါ်မှ ဟင်းပွဲများက မြင်ရုံနဲ့ပင် သွားရည်ကျချင်စဖွယ်။

အခု ဂျွန်မြောင်လုပ်ရမှာက အစ်ကို့ကို သွားနှိုးရန်သာ။ ဒီထက်ဆက်အိပ်နေလျှင် ညသန်းခေါင်လောက်မှ နှိုးပြီး အစားအသောက်လည်း စားမှာမဟုတ်တော့

အခန်းတံခါးကို အသာလေးဟကြည့်တော့ စောင်ပုံထဲမှာ အစ်ကိုက ခပ်လုံးလုံး။

ကုတင်နားသွားလက်စ ခြေလှမ်းတွေ ရပ်သွားရသည့် အကြောင်းအရင်းက စောင်လွတ်သွားတာမို့ ပေါ်လာတဲ့ ကျောပြင်ကျယ်ကြီးကြောင့်ဖြစ်သည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now