အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်....
အစ်ကို့နောက်ကို လိုက်ချင်ဇောနဲ့ ကိုရီးယားမပြန်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။
အသင့်တွေ့ရသည့် တက္ကစီတစ်စီးပေါ်တက်ထိုင်ရင်း အိမ်လိပ်စာပြောလိုက်ပြီး ကားမှန်မှတစ်ဆင့် အပြင်ဘက်သို့ငေးရင်း.....
တစ်ချိန်က အစ်ကို့ကို အလည်အပတ်ခေါ်ချင်ခဲ့တာဖြစ်ပေမယ့် အခုလို အခြေအနေနဲ့တော့ဘယ်လိုမှအဆင်မပြေနိုင်တော့.....
အိမ်မှာ တစ်လလောက်နားပြီးတာနဲ့ စစ်ထဲဝင်ဖို့ သူအကုန်ပြင်ဆင်ထားပြီးသားပင်။ အစ်ကို့ဆီမှာ အချိန်တွေအများကြီးပေးခဲ့ပြီးပြီမို့ သူ့အနေနဲ့ မိသားစုကို အချိန်ပြန်ပေးရအုံးမယ်မလား...။
တိတ်ဆိတ်သော သာမန်ရပ်ကွက်လေးရှိ နှစ်ထပ်အိမ်ရှေ့ ကားရပ်လိုက်မှ ဂျွန်မြောင်အတွေးတွေ ရပ်တန့်သွားရသည်။ ကျသင့်ငွေကို ရှင်းရင်း များများစားစားမပါသည့် အိတ်ကို ဆွဲရင်း bellတီးလိုက်သည်။
" ဂျွန်ဂျွန်လေး အိုမားရေ "
နှစ်ယောက်မရှိတဲ့ အစ်မ သူ့ဆီအပြေးလာဖက်သည်။ ပါးနှစ်ဖက်ပါ အဆစ် အနမ်းခံလိုက်ရသေးသည်။
" လာပါအုံး မမရဲ့ဂျွန်ဂျွန်လေး အိုင်းဂူး မျက်နှာလေးပြည့်လာတာပဲ "
" မမက အရင်အတိုင်းပဲ အာပါးကရော "
" စောင့်နေတယ် လာ လာ "
ပုပုသေးသေးအစ်မနားမှာတော့ ဂျွန်မြောင်က လူကောင်ထွားထွား။
အစ်ကို့အနားမှာဆိုရင် ဂျွန်မြောင်က ကလေးလေးလိုဖြစ်သွားရစမြဲ။
" အိုမား သားလေး ကြည့်ပါအုံး အရပ်တွေရှည်လာလိုက်တာ "
" နားပါစေအုံး ဟိုက ခရီးအရှည်ကြီးလာခဲ့ရတာကို...သွားနားတော့ သား "
" ဟုတ် အာပါး "
အရင်လိုပဲ အာပါးက အပိုစကားသိပ်မပြောပေမယ့် ဂျွန်မြောင်ပြန်ရောက်လာတာမို့ ဝမ်းသာနေတာ သိသာပါသည်။
သူ့အခန်းကအရင်အတိုင်း...ဖုန်တစ်စက်မှမရှိ...ကြည့်ရတာ မမက အမြဲသန့်ရှင်းရေးဝင်လုပ်ပေးပုံပါပဲ။