Part 20

341 42 3
                                    

ခပ်စိမ့်စိမ့်အအေးဓာတ်တို့ ပျံ့လွင့်နေသော အခန်းထဲတွင် သာမန်အရွယ်အစားထက်ကြီးသော အိပ်ရာကုတင်ကြီးတစ်ခုရှိသည်။

ထိုကုတင်ထက်ရှိ နီညို့ရောင်စောင်ပုံထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော အမျိုးသားနှစ်ယောက်ရှိနေသည်။ ခန္ဓာကိုယ်ပိုကြီးသည့် အမျိုးသား၏ ရင်ခွင်ထဲတွင် အနည်းငယ် သေးသော ကောင်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။

ကုတင်ဘေးအောက်ဖက်တွင်တော့ ဖရိုဖရဲ လွှင့်ပစ်ခံထားရသော အဝတ်အစားများကို တွေ့ရမှာဖြစ်ပြီး ကုတင်ဘေးရှိ စားပွဲပေါ်တွင်တော့ လေးထောင့်ဘူး အခွံ တချို့ကို တွေ့ရမှာဖြစ်သည်။

" အင်းးးးးး အ့ "

ခြေရော လက်ရောပါဆန့်ထုတ်ပြီး အညောင်းဆန့်လိုက်တာမို့ ခါးရိုးထဲကပါ ကျင်တက်သွားရသည်။

နာကြင်မှုကြောင့် ဂျွန်မြောင်မျက်နှာ ပျက်သွားရုံသာမက အခုထိအိပ်ပျော်နေသေးသည့် အစ်ကို့ဗိုက်ခေါက်ကိုသာ လိမ်ဆွဲလိုက်ချင်ပေမယ့် အစ်ကို့မှာ ဗိုက်ခေါက်မရှိ။ ပေါင်မုန့်ခြောက်ခုသာ ရှိသည်။

စိတ်တိုတိုနှင့် ပါးတစ်ဖက်ကိုသာ လိမ်ဆွဲလိုက်မိသည်။

သို့သော် မနိုးလာ။

ဘယ်နိုးပါ့မလဲ...ရိုက်ကွင်းကပြန်လာလာချင်း မနားဘဲ အိမ်ထောင်ဖက်တာဝန်ကို မနက်နှစ်နာရီအထိ အားကြိုးမာန်တက် ကျေပွန်အောင်ထမ်းဆောင်နေတာလေ....

နာနေသည့် ခါးကိုအသာဖိရင်း အစ်ကိုမနိုးရအောင် ကုတင်ပေါ်မှာ လိမ့်ဆင်းလိုက်သည်။ ခြေ‌ချလိုက်တာနဲ့ နာကျင်မှုက ကျောရိုးထဲထိပါစိမ့်တက်လာသည်။

ရေချိုးခန်းထဲ‌ရှိ မှန်ရှေ့ရောက်တော့ ပို၍ပင် စိတ်ညစ်သွားရတော့သည်။

ခရမ်းပုတ်ရောင် အမှတ်အသားတွေဆိုသည်မှာ မေးရိုးကနေ ခြေသလုံးဖွေးဖွေးအထိ။ လက်ညှိုးထောက်မလွဲ...

အတူနေတိုင်း အမှတ်အသားပေးချင်သူကြီးကြောင့် ဂျွန်မြောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည် ဝတ်ရတာ မကြာခန။

My Idol Becomes My Husband (U+Z)Where stories live. Discover now