Part 26

317 42 0
                                    

ဒီကျွန်းလေးပေါ်ရောက်နေတာ ဒီနေ့နဲ့ပါဆို လေးရက်ရှိပြီဖြစ်သည်။

အစားအသောက်အသစ်အဆန်းတွေ နေရာအသစ်အဆန်းတွေ တွေ့ရတာမို့ ဂျွန်မြောင်က မမောနိုင်မပန်းနိုင် သူ့မမဆီနေ့တိုင်းဖုန်းဆက်ပြောပြလေ့ရှိသည်။

တောင်ပေါ်မှာရှိတဲ့ ရှေးဟောင်းဘုရားတွေက သစ်ပင်ကြီးတွေကြားမှာမို့ ပရဝဏ်ထဲရောက်တာနဲ့ အေးအေးစိမ့်စိမ့်။

မီးတောင်ဟောင်းနားက ဘုရားကျောင်းတွေဆီကိုလဲ အစ်ကိုနှင့်လက်ချင်းတွဲပြီး လျှောက်ခဲ့ကြသေးသည်။

ရှုခင်းတွေက အတော်လေးလှတာမို့ pre-weddingရိုက်ကြသည့် စုံတွဲတွေကလဲ မနည်းမနော။

မရည်ရွယ်ပဲ ငေးကြည့်မိသွားတော့ အားကျနေတာလားဆိုသည့် အစ်ကို့စကားသံများနှင့်အတူ မျက်နှာကပျက်သွားတော့သည်။

" အစ်ကိုရာ မျက်နှာကဘယ်လိုကြီးလဲလို့ "

" ကိုယ် အချစ်ကိုအခုထိ သေချာ လက်ထပ်မယူရသေးဘူး

ဒီလိုမျိုးလူသိရှင်ကြား လက်ထပ်ချင်တယ်။ ဂျွန်မြောင်က ကိုယ့်အပိုင်ဆိုတာ အကုန်လုံးကို သိစေချင်တာ "

မွ

ပါးတစ်ဖက်က နွေးခနဲ။ ခိုးကြောင်ခိုးဝှက်လှမ်းနမ်းလိုက်တဲ့ ဂျွန်မြောင်က သူမဟုတ်သလို ဟိုငေးဒီငေး။

" အဟမ်း ဘာမှလျှောက်မတွေးနဲ့ ကျွန်တော်က အစ်ကိုနဲ့ ဒီလိုလေး အတူရှိနေရင်ကို အဆင်ပြေနေပြီမို့ "

" အချစ်ရာ "

" လာပါဗျာ ဟိုးဘက်သွားကြည့်ရအောင် "

အပေါ်ထည်အဖြူပါးပါးနှင့် ဂျွန်မြောင်က ရှုခင်းထက်ပိုပြီး လှသည်။

" ဦးကြီး ဓာတ်ပုံရိုက်ချင်လို့ စီစဉ်ပေးနိုင်မလား "

" အိုး ရတာပေါ့ ဘယ်လိုမျိုးရိုက်ချင်လဲ "

" ရိုးရိုးရှင်းရှင်း ဒါပေမယ့် ပျင်းစရာမကောင်းတာမျိုး "

" အငယ်လေးနဲ့ရိုက်မှာလား "

" အင်း စီစဉ်ပေးပါအုံး "

" မနက်ဖြန် နေ့ခင်းပိုင်းလောက် ဦးကြီးလာခေါ်မယ် "

My Idol Becomes My Husband (U+Z)Onde as histórias ganham vida. Descobre agora