Part 24

344 46 2
                                    

မနက်ဖြန်တွေကိုသာ ကြိုမြင်ခဲ့မယ်ဆိုရင် ဂျွန်မြောင် တဇွတ်ထိုးဘာမှလုပ်ဖြစ်မှာမဟုတ်...။ အခုကိစ္စတွေသာ ဖြစ်လာခဲ့မယ်ဆိုတာသာ သိခဲ့ရင်....

မနက်စောစော မန်နေဂျာအငယ်လေးက အူယားဖားယားဖုန်းဆက်လာသည်က ရိုက်ကွင်းတစ်ခုရှိနေလို့ပါတဲ့။ အရင်ကရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပုံစံပြောင်းချင်တဲ့အကြောင်း ဂျွန်မြောင့်ဆီ မေးလ်ပို့ထားပြီးကြောင်းပါပြောလာတော့မှ မနေ့ညက မစစ်ဘဲကျန်ခဲ့သည့် CK's mailက သူ့ကိုပြုံးပြနေလေသည်။

အပြေးအလွှား အဝတ်အစားကောက်လှဲပြီး မနက်စာပြင်ဆင်ပြီး ခွေအိပ်နေတဲ့ အစ်ကို့ကို နှိုးရသည်..အိပ်ရေးမဝတဲ့ အစ်ကိုက စူပုတ်ပုတ်ရယ်။

" နွားနို့က ပူတုံးလေး သောက်နှင့်နော် "

" အတူမစားဘူးလား "

" အင်း စစ်စရာလေးတွေရှိလို့ "

ပါမုန့်ကို ပါးစပ်ထဲထိုးသွတ်ရင်း အလုပ်ခန်းထဲ ဝင်သွားပြန်သည်။ သူ့အတွက် သူ့ကြောင့် ပင်ပန်းနေရရှာပြန်ပါပြီ။

တီ...တီ

တံခါးဘဲလ်သံကြားတော့ ဂျွန်မြောင်က အခန်းထဲကနေ အိတ်ကြီးတစ်အိတ်ဆွဲပြီး ထွက်လာတော့သည်။

အင်္ကျီကြယ်သီးက ပြည့်အောင်မတပ်ရသေးတာမို့ ရင်ဘတ်ဖြူဖြူနှင့် ခပ်ရဲရဲအကွက်တွေက အတိုင်းသား။

တံခါးကိုဖွင့်ခါနီးဆဲဆဲလက်တွေက ရီရှင်း လက်ဝါးတွေကြားဆွဲယူခံလိုက်ရသည်။

" ဒီပုံနဲ့အပြင်ထွက်မလို့လား အရမ်းရက်ရောနေတယ်ပေါ့လေ "

ပြောရင်းဆိုရင်း ကြယ်သီးတွေကို သေချာတပ်ပေးနေသည်။ ရီရှင်းရဲ့ ဝင်လေထွက်လေက ဂျွန်မြောင်နဖူးပေါ်အထိ ရိုက်ခတ်မိနေပေမယ့် အဲ့တာကို ရင်မခုန်နိုင်သည်အထိ ဂျွန်မြောင်လောနေသည်။

" မြန်မြန်ထွက်ရအောင်လေ..ဟိုက စောင့်နေရတာကြာနေလောက်ပြီ အားနာစရာ "

ချိန်းထားသည့် အချိန်မှနိုးကြတာမို့ ဂျွန်မြောင်မှာ တစ်ဖက်လူကို အားနာမဆုံး။

စကားပြန်တောင်မစောင့်တော့ဘဲ ဂျွန်မြောင်က မန်နေဂျာအငယ်လေးနဲ့ အောက်ဆင်းသွားပြီမို့ တံခါးပိတ်ပြီးသာ ရီရှင်းဆင်းလာရတော့သည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now