Part 12

314 44 6
                                    

တစ်ပတ်တိတိကြာသွားသည့်တိုင် ကျန်းရီရှင်းလက်ထပ်ပြီးသွားသည့် အကြောင်းက hot searchတွင်ရောက်ရှိနေဆဲပင်။

ကြော်ငြာရိုက်ကူးရေးတချို့က ရိုက်ကွင်းကို နောက်ဆုတ်ထားကြသလို ပရိတ်‌သတ်တွေ၏ တုန့်ပြန်မှုကလည်း အတော်ကို ပြင်းထန်ကြသည်။

တချို့ပရိတ်သတ်တွေကတော့ ငြိမ်သက်ပြီး သူ့ရဲ့ဖြေရှင်းချက်ကို စောင့်မျှော်နေကြသည်။

ရှိသမျှအလုပ်ကိစ္စတွေကို မန်နေဂျာနှင့် ရိဖန်ကောကို အကုန်လွှဲပြီး သူကိုယ်တိုင်ကတော့ မွေးရပ်အိမ်မှာ အေးအေးဆေးဆေး.........နားမနေရပါ။

" ဘယ်အိမ်က သမီးလဲ ရီရှင်း...အနည်းဆုံး မားတို့ကို အသိပေးသင့်တယ်မဟုတ်ဘူးလား ဟမ် "

" ဟုတ်တာပေါ့ အခုတော့ ကိုယ့်သားအိမ်ထောင်ပြုတာကို သူများတွေနဲ့မှ အတူတူသိရတဲ့အဖြစ် "

" သားပြောတယ်လေ..."

" ဘာပြောတာလဲ မား သားအိမ်ထောင်ပြုသင့်လားမေးလို့ ပြုသင့်တယ်ပဲ ပြောတာလေ...အခုလို ဗြုန်းစားကြီးလုပ်လိမ့်မယ်မှမထင်ဘဲ "

" အနည်းဆုံးတော့ မိဘတွေကို အရင်အသိပေးသင့်တာပေါ့ "

" မား..ပါး..ကျွန်တော်အခုချိန်တော့ဘာမှမပြောနိုင်သေးဘူး...အချိန်တန်ရင် ပြောပြပါ့မယ် "

" အခုလဲ လက်ထပ်လိုက်တာပဲသိရတယ် ဒါမှအချိန်မတန်သေးဘူးဆိုရင် ရီရှင်း...မင်းမိဘတွေကို ဟာသလုပ်နေတာလား "

" ပါး...ကျွန်တော် အခုသာပြောလိုက်ရင် သွေးတက်သွားလိမ့်မယ် "

" ဘာကွ သွေးတက်မယ့်အထိအောင် မင်းဘာတွေလုပ်ထားတာလဲ ဟမ်...မင်းမျက်စိထဲမှာ ငါတို့ကိုရော မိဘတွေလို့မြင်သေးလား....အရင်နှစ်တွေကတည်းက ဖုန်းတစ်ရက်မဆက်ဘူး ဂျွန်မြောင်ကပဲ နေ့တိုင်းဖုန်းဆက်ပြီး မင်းကို အပြစ်မယူဖို့ တဖွဖွပြောနေတာ "

" ဂျွန်မြောင်က...??? "

" ဖြစ်နိုင်ရင် ဂျွန်မြောင်ကိုမွေးစားပြီး မင်းကို အမွေဖြတ်လိုက်တယ် "

" ကဲ အဖေကြီး တော်တော့ ... ရီရှင်း မားလဲ ဒီတစ်ခါကို စိတ်ဆိုးတယ် မိဘကို မပြောမဆိုဘဲ လုပ်ချင်ရာလုပ်သွားရလား "

My Idol Becomes My Husband (U+Z)Where stories live. Discover now