Part 11

313 43 3
                                    

တစ်နှစ်နှင့်နှစ်လရှိပြီ။ ဂျွန်မြောင် သတင်းအစအနပင်မရသေး။ စစ်မှုထမ်းသွားတယ်ဆိုသော သတင်းသာရပြီး ဘယ်တပ်ရင်းလဲဆိုတာ မသိရ။

ဂျွန်မြောင် အစ်မရဲ့ဆိုင်၊ ဂျွန်မြောင်အဖေရဲ့ အလုပ်၊ ဂျွန်မြောင်ရဲ့အိမ်အထိ လူတစ်ယောက်ဆီလွှတ်ပြီး အခြေအနေကိုစောင့်ကြည့်ခိုင်းထားပေမယ့် မထူးခြား။

ခွင့်ရက်တွေမှာ ပြန်လာတာမျိုးလည်းမမြင်။

လက်ချောင်းတွေဆီအကြည့်ပို့လိုက်တော့ ငွေရောင်‌လက်စွပ်တစ်ကွင်းက တောက်တောက်ပပ။ ဘာရယ်မဟုတ် ကြည့်နေရင်းမှ သူ့လည်ပင်းထက်ရှိ ဆွဲကြိုးဆီ လက်ကရောက်သွားသည်။
ဆွဲကြိုးနဲ့တွဲထားပါသော သူနဲ့ပုံစံတူ လက်စွပ်တစ်ကွင်း။

ဂျွန်မြောင်နဲ့သူရဲ့ လက်ထပ်လက်စွပ်... မပေးရသေးတာတစ်ခုထဲ။

// ပုန်းနေတဲ့ ကောင်လေးကို ကိုယ်ရှာတွေ့ရင် ဘယ်တော့မှ လွှတ်မပေးတော့ဘူး ဂျွန်မြောင် //
.
.
.
.
.
.

မနက်ခင်းအားလပ်ချိန်မှာ ဖတ်လေ့ရှိသည့် သတင်းစာခေါင်းစည်းပိုင်းတွင် တုန်လှုပ်စရာသတင်းက ဂျွန်မြောင်ကို လှလှပပပြုံးပြနေသည်။

* ကျန်းရီရှင်းက တိတ်တဆိတ်လက်ထပ်ထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့*

သတင်းခေါင်းစဉ်နဲ့တင် သူဆက်လို့မဖတ်ရဲတော့။

အားလပ်ချိန်ပြီးတော့လည်း သူ့အတွေးထဲမှာ ထိုသတင်းကသာ နေရာယူထားလျက်ရှိပြီး လုပ်သမျှအရာတိုင်းက အလွဲလွဲအချော်ချော်။

// အစ်ကို ဘာတွေလျှောက်လုပ်နေတာလဲ //

" မင်းအခုဘာတွေလုပ်လိုက်တာလဲ ရီရှင်း "

မျက်ခုံးနှစ်ခုကြားကို ဖိညှစ်ရင်း ရိဖန်က ပြောလာသည်။ အတူလက်တွဲလုပ်လာသည်မှာကြာလာပြီမို့ ကျန်းရီရှင်းက သူ့အတွက် ညီငယ်လေးဆိုလဲ မမှား။

အခုတော့ ပြုံးစိစိလုပ်နေသည့် ညီငယ်လေးကို ထိုးပစ်ချင်လှသည်။

မနေ့ကတည်းက အင်တာဗျူးကို ရုတ်တရက် လက်ခံလိုက်တာမို့ မျက်ခုံးတွေ လှုပ်နေခဲ့တာ။ အခုတော့ မျက်နှာကိုပါ ဖြတ်ရိုက်ခံလိုက်ရသည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now