Part 19

348 49 0
                                    

ခြံပေါက်ဝရှေ့ရောက်သည်အထိ ရီရှင်းက ချွေးစတို့ကို သုတ်ဖယ်နေရဆဲ။ ပထမဆုံးအကြိမ်အဖြစ် ဂျွန်မြောင်မိဘတွေကို လိုက်တွေ့တာမဟုတ်လား..လက်ထပ်ပြီးမှတွေ့တာဖြစ်ပေမယ့် သိပ်တော့ နောက်မကျပါဘူး ဟုတ်တယ်မလား

ဧည့်ခန်းထဲမှာ လူစုံတက်စုံ။ ဂျွန်မြောင်အစ်မ မျက်နှာကတည်တင်းနေသည်မှာ ဘေးကမိဘတွေထက်ပင် ကြောက်စရာကောင်းသေးသည်။

" ပထမဆုံး တွေ့ဆုံခြင်းပါ အဖေနဲ့အမေ "

ကိုရီးယားလို နှုတ်ဆက်လိုက်ပေမယ့် ပြန်နှုတ်ဆက်မလာကြ။

" ဖေဖေ မေမေ မမ သားတောင်းပန်ပါတယ် "

" ဘာလို့ ဂျွန်ဂျွန်က တောင်းပန်ရမှာလဲ အကုန်လုံးက ကျန်းရီရှင်းကြောင့်မဟုတ်ဘူးလား "

မမအသံက ဟိန်းခနဲ။

ဖေဖေက မျက်နှာတည်‌နေပေမယ့် မျက်ဝန်းတွေမှိုင်းနေလျက်။ မေမေကတော့ ငိုထားပုံရကာ မျက်ခမ်းစပ်တွေက အခုထိရဲနေသေးသည်။

မနေ့ကအထိ အစ်ကို့လက်ကိုဆွဲပြီး အရာရာကို ရင်ဆိုင်ပစ်မယ့် သတ္တိက ဖေဖေနဲ့မေမေရဲ့ရှေ့မှာ ကြက်ပျောက်ငှက်ပျောက်....

‌" မေမေ "

မဝံ့မရဲခေါ်တော့ မေမေက လက်ကိုဆန့်၍ ရင်ကို ဖွင့်ပေးလာသည်။
မေမေ့ကို ဖက်ရင်း မျက်ရည်ကြားက တောင်းပန်မိတာ အခါခါ။

အေးစက်နေတဲ့ လက်ဖျားတွေကို အချင်းချင်းဆုတ်ကိုင်နေမိတာ ခဏခဏ။

ဘယ်လိုပဲဆုံးဖြတ်ပါစေ..ဂျွန်မြောင်ကို ထပ်ပြီး သူမခွဲချင်။ မခွဲနိုင်တာဆို ပိုလို့ မှန်အုံးမည်။

" ‌တောင်းပန်ပါတယ် "

" မှားမှန်းတော့ သိသားပဲ "

" မမှားဘူးလို့ ကျွန်တော်ထင်ပါတယ် တောင်းပန်တယ်ဆိုတာက အားလုံးကို စိတ်ပူစေမိလို့ပါ ဂျွန်မြောင်ကို ချစ်တာ အမှားလို့ မပြောချင်ဘူး "

" မောင်ရင် စာကြည့်ခန်းထဲ လိုက်လာခဲ...နေခဲ့ ဂျွန်ဂျွန် သားမေမေနဲ့မမကသားကို လွမ်းနေကြတာ "

ဖေဖေ့အသံက တည်တည်ကြည်ကြည်။ အစ်ကိုကလည်း ဖေဖေ့နောက်ကလိုက်ရင်း စာကြည့်ခန်းထဲဝင်သွားသည်။

My Idol Becomes My Husband (U+Z)Where stories live. Discover now