Part 13

319 49 12
                                    

အစည်းအဝေးခန်းတစ်ခုလုံးက စကားသံမကြားရပဲ အေးစက်နေသည်။

လူသုံးယောက်ကစားပွဲကို ဝိုင်းထိုင်နေကြပေမယ့် အချင်းချင်းစကားတစ်ခွန်းမှမဆိုကြရသေး

" ဒီတော့ကွာ..."

" ချက်ချင်းငြင်းလိုက် ရိဖန်ကော "

" စီနီယာ လီလီ့ဘက်ကိုလည်းကြည့်ပေးအုံးမှပေါ့ "

ရီရှင်းလက်ထပ်ထားသူက တက်သစ်စကြယ်ပွင့်လေး လီလီဖြစ်နေတဲ့သတင်းတွေက လတ်တလော ရှာဖွေမှုမြင့်တက်နေသည်။

ထို့အတူ နည်းနည်းမှမဆင်တဲ့အင်္ကျီကိုတောင် အရောင်တူလို့ ကာပယ်လ်အင်္ကျီလုပ်လိုက်ကြသည်။

ကုမ္ပဏီမှာ အတူတွေ့နေတဲ့ပုံတွေပါ ထွက်လာတာမို့ ရီရှင်းနှင့်လီလီကို အထင်လွဲနေကြခြင်းပင်။

ထို့အပြင် လီလီကပါ မဖြေမရှင်းဘဲ ဟိုလိုလိုဒီလိုလိုရေးတင်ထားတဲ့ပိုစ့်ကြောင့် ပိုလို့ပင် လူအများအာရုံစိုက်နေကြသည်။

လီလီမှာ နောက်ခံကောင်းကောင်းရှိတာမို့ အချိန်တိုလေးနှင့် ယခုလိုနေရာအထိရောက်နေခြင်းပင်

" ကြာရင်ပုတ်သွားလိမ့်မယ် ချက်ချင်းဖြေရှင်းတာမကောင်းဘူးလား လီလီ "

" လီလီတစ်ခုတွေးမိတယ် လီလီတို့collarbrationတစ်ခုလုပ်ဖို့စီစဉ်ထားတာ အခုချပြရင်မကောင်းဘူးလား အရမ်းပေါက်သွားမယ်ထင်တယ် "

" မလိုချင်ဘူး ရိဖန်ကော အခုပဲသတင်းထုတ်ပေး မဟုတ်ရင် ကျွန်တော်ကိုယ်တိုင်ရှင်းရမလား

လီလီကို ဦးစားပေးတဲ့အနေနဲ့ အရင်ငြင်းလိုက်ပါ..."

" အခွင့်အရေးကောင်းနော် စီနီယာ လက်လွတ်ခံမှာလား "

" ရိဖန်ကော သူသာတလွဲတွေးမိကုန်ရင် ကျွန်တော်အဆင်ပြေမှာမဟုတ်ဘူးဆိုတာသိပါတယ်နော် "

" သိတာမို့ ခနနေပဲ ငြင်းလိုက်မယ် "

" အိုကေ...

အာ လီလီ...အမြင့်ကိုတက်ချင်ရင် ကြိုးစားပြီးတက်ရတယ် မဟုတ်တာတွေနဲ့တက်ဖို့စဉ်းစားမနေနဲ့ အသက်လေးလဲ ငယ်နေသေးတာကို "

My Idol Becomes My Husband (U+Z)Where stories live. Discover now