Part 7

304 54 2
                                    

ရာသီဥတုက မနေ့ကထက် ပိုအေးသည်။ ညက တစ်ညလုံး တွေးရင်းဖြင့် မနက်အစောပိုင်းမှ အိပ်ပျော်သွားတော့သည်မို့ မနက်ဆယ်နာရီထိုးမှ နိုးလာခြင်းပင်။

ကုမ္ပဏီကလည်း နေ့လည်ပိုင်းမှသာ သွားရမှာမို့ ဂျွန်မြောင်က လာမနှိုးတာဖြစ်မည်။ အိမ်က တော်တော်ကြီးတိတ်ဆိတ်နေတာတော့ အမှန်ပင်။

မနေ့ညက မအောင်မြင်ခဲ့တဲ့ ဖွင့်ပြောခြင်းကို ဒီနေ့သေချာပြန်ပြောရမည်။
အနည်းဆုံး သူ့ကိုစဉ်းစားပေးစေချင်သည်မို့...။

အကြောဆန့်လိုက်ရင်း ရေချိုးခန်းထဲသို့ဝင်ကာ တစ်ကိုယ်ရည် သန့်ရှင်းလိုက်သည်။
Passwordနှိပ်သံ တတီတီကြောင့် အမြန်ပင် အပြင်ထွက်လိုက်တော့ အထုတ်ကြီးအထုတ်ငယ်နဲ့ ဂျွန်မြောင်။

" မနက်အစောကြီး ဘယ်သွားတာလဲ ဂျွန်မြောင် "

" Mallခနသွားတာ...လိုမယ်ထင်တာနည်းနည်း ဝယ်ခဲ့တယ် ....ဗိုက်ဆာပြီလား "

" အင်း ကိုယ်သယ်ကူရအုံးမလား "

" ရတယ် ရတယ် ခနလေးနော် "

တီဗွီဖွင့်ကြည့်လိုက်ရင်းသာ ဧည့်ခန်းမှာထိုင်နေခဲ့ရသည်။

ရပါတယ်.....ပုံမှန်ကိစ္စမှမဟုတ်ဘဲ။
ဂျွန်မြောင်အတွက် အချိန်ပေးနိုင်ပါတယ်

ရေခဲသေတ္တာထဲ ဝယ်လာခဲ့သော အသီးအနှံများကို နေရာတကျထည့်သည်။ ရေဘူး၊ အအေးဘူး၊ သောက်စရာတချို့ကိုလည်း စီစီရီရီနေရာချသည်။
ကြက်ဥကလည်းပါသေးသည်။

ဟင်းချက်စရာတွေမဟုတ်ပါပဲ အသင့်စားနိုင်သည့် သရေစာများပင်ဖြစ်သည်။ သေချာဝယ်ခဲ့တာမို့ ဝိတ်လဲ မတက်နိုင်သည့်အစာများပင်။

" ဟင် မနက်စာက ထမင်းမချက်ဘူးပေါ့ "

" အာ အင်း ပေါင်မုန့်ကို စားကောင်းအောင်လုပ်ပေးထားတာ.....ဒါက မုန်လာဥနီဖျော်ရည် "

" အင်း အင်း ဒါနဲ့ ဘာလို့ စားစရာအများကြီးလဲ "

" ဒီအတိုင်းပါပဲ ရေခဲသေတ္တာထဲရော Food cabinetထဲမှာပါ ဘာမှသိပ်မရှိလို့ "

My Idol Becomes My Husband (U+Z)Where stories live. Discover now