Part 22

343 42 2
                                    

ရှားရှားပါးပါးရတဲ့ နားရက်လေးကို ကောင်းကောင်းအသုံးချဖို့ ရီရှင်းစီစဉ်ထားသည်

သူ့ယောက်ျားနဲ့ ပျားရည်စမ်းခရီးတောင်သေချာမထွက်ရသေး...တရုတ်ကိုပြန်ရောက်တာနဲ့ ပစ်ထားခဲ့သမျှ အလုပ်တွေက တန်းစီနေတာမို့ ဘယ်မှမသွားနိုင်။

အခုပိတ်ရက်မှာတော့ ဂျွန်မြောင်နဲ့ နိုင်ငံခြားသွားပြီး လည်ပတ်ရမည်။ ဂျွန်မြောင်က ခရီးထွက်ရတာကို တကယ်ကြိုက်တာမို့

" အချစ် ဘယ်သွားချင်လဲ "

" အစ်ကို့မာမားတို့ဆီသွားရအောင်လေ ပြီးမှ ကျွန်တော့မေမေတို့ဆီသွားကြမယ် "

ရီရှင်းမာမားတို့ဆီသွားရင် ဂျွန်မြောင်နဲ့ တီတီတာတာနေရဖို့ဝေးလို့ အနားတောင်ကပ်ရမှာမဟုတ်။
တကယ်ပါပဲ..သူ့ဆီက လုထားကြမှာ...

ဂျွန်မြောင်တို့အိမ်ရောက်ရင် အွန်ဆိုးက သူ့ကို တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေလိမ့်မည်။ အနားကပ်လိုက်တာနှင့် လုပ်ချောင်း ( ဟန်ဆောင်ဆိုးတဲ့ချောင်း ) ကြီး တဟမ်းဟမ်းနဲ့ ပေါ်လာလိမ့်မည်။

" အချစ်ကလည်း ကိုယ့်ကို အချိန်ပေးပါအုံး "

" ဟင် ဘယ်မှာအချိန်မပေးလို့လဲ "

" ကျစ် "

သူ့ဆီအကြည့်ရောက်မလာဘဲ ဂျွန်မြောင်အာရုံက laptopမှာသာ လုံးလုံးလျားလျားရောက်နေသည်မို့ စုတ်တစ်ချက်သပ်ပြီး အနားကနေထထွက်လာခဲ့သည်။

ရေချိုးပြီး အပြင်ထွက်လာသည်အထိ ဂျွန်မြောင်က အခန်းထဲရောက်မနေသေးတာမို့ နှုတ်ခမ်းတွေက တွန့်ကွေးသွားတော့သည်။

အိမ်ထောင်သည်ဘဝရောက်လာတာ တစ်နှစ်မပြည့်သေးပေမယ့် သူ့ယောက်ျားလေးက သူ့ကိုပစ်ထားတတ်နေပြီပဲ....ဒီကောင်လေးတော့....

စိတ်ဆိုးနေကြောင်းသိသာအောင် ဧည့်ခန်းထဲက တီဗွီကို အသံအကျယ်ကြီးဖွင့်လိုက်သည်။ ရေခဲသေတ္တာထဲက အာလူးကြော်ထုတ်နှင့် တခြားသရေစာများကိုစားပွဲထက်တင်လိုက်သည်။ ဘီယာဘူးတွေလဲ မမေ့။

သီချင်းသံက ဆူညံစွာထွက်လာတာမို့ ဂျွန်မြောင်နေရာမှထပြီး ဧည့်ခန်းဆီဦးတည်လိုက်ရသည်။ အချိန်ကလဲ မစောတော့ဘူးမဟုတ်လား...အိမ်နီးနားချင်းတွေကို အားနာရမယ်လေ.....။

My Idol Becomes My Husband (U+Z)Where stories live. Discover now