Part 17

392 48 7
                                    

ခဏလောက်တွေ့ကြရအောင်ဆိုတဲ့ စာတစ်စောင်။
ဖုန်းနံပါတ်က အမည်မပါပေမယ့် ဒီနံပါတ်က အစ်ကို့နံပါတ်မှန်းသိတာမို့ စားလက်စ ထမင်းကိုရပ်ပြီး ကုမ္ပဏီအပြင်သို့ထွက်လာခဲ့သည်။

အနက်ရောင်ကားတစ်စီးရဲ့ မှန်ကလျောခနဲကျသွားပြီး သူရင်းနှီးတဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

အစ်ကို..

သူ့ကိုမြင်တာနဲ့ ကားပေါ်ကဆင်းလာပြီး ဘေးတံခါးကို ဆွဲဖွင့်ပေးလာတာမို့ သူလဲ ထူးထူးထွေ‌ထွေမေးမနေတော့ဘဲ ဝင်ထိုင်လိုက်သည်။

" နည်းနည်းပိန်သလိုပဲ ဂျွန်မြောင် အစားသေချာမစားဘူးလား "

" စားပါတယ်..အချိန်မရဘူး အစ်ကို ဘာပြောမလို့လဲ "

" လွမ်းလို့ ကိုယ့်အမျိုးသားကို "

စကားအဆုံး ရဲတက်သွားတဲ့ နားရွက်ဖျားလေးတွေ

" ဒီနားက ပန်းခြံပဲသွားတာပေါ့ သိပ်မကြာပါဘူး "

" အင်း "

" လက်ထပ်ထားတယ်ဆိုတာ အိမ်ကို ပြောပြသင့်တယ်မထင်ဘူးလား ဂျွန်မြောင် "

" အရေးမပါတာ တစ်ခုအတွက်နဲ့တော့ လူကြီးတွေကို စိတ်မရှုပ်စေချင်ဘူး "

" အရေးမပါတာ..လက်ထပ်စာချုပ်ပေါ်က လက်မှတ်တွေကအစစ် ပြီးတော့ စာချုပ်ကလဲ တရားဝင်..နှစ်ဖက်မိဘတွေကိုပြောပြီးမှ လက်ထပ်မှတ်ပုံတင်လုပ်ကြတာပေါ့ "

" အစ်ကို တကယ်ရူးသွားပြီပဲ ရိုးရိုးအိမ်ထောင်ပြုတာမဟုတ်ဘူးနော်အစ်ကို..ကျွန်တော်ကလည်း ယောက်ျားတစ်ယောက် အရာအားလုံးတူနေတဲ့ယောက်ျားတွေ "

" ကိုယ်က ပိုကြီးတယ် "

" ဘာ "

စကားကောင်းပြောရင်းထဖေါက်လိုက်တော့ မျက်နှာတွေပါနီစွေးလျက်။

" ‌ကိုယ့်နောက်လိုက်မလား ဂျွန်မြောင် "

" မလိုက်ဘူး အစ်ကို..အစ်ကို့မှာ အနာဂတ်တွေအများကြီး "

" အနာဂတ်တွေမှာ မင်းမပါရင် အဲ့အနာဂတ်က ဘာစောက်သုံးကျအုံးမှာတဲ့လဲ "

" စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ အစ်ကိုရာ ကျွန်တော်ထပ်မပြေးချင်ဘူး "

My Idol Becomes My Husband (U+Z)Where stories live. Discover now